Monday, 07 November 2016 06:40

Golden Butterfly Hotel

Golden Butterfly Hotel သည် ရန်ကုန်မြို့၊ ကိုယ့်မင်းကိုယ်ချင်းလမ်း၊ ဗိုလ်ချို (၁) ရပ်ကွက်၊

ဗဟန်းမြို့နယ်တွင် တည်ရှိပါတယ်။

Golden Butterfly Hotel တွင် ကုမဏီအစည်းအဝေးပွဲများကျင်းပနိုင်ခြင်း၊ စေ့စပ်မင်္ဂလာပွဲများ ကျင်းပနိုင်ခြင်း၊ လက်ထပ်မင်္ဂလာပွဲများကျင်းပနိုင်ခြင်းနှင့် မွေးနေ့ပွဲများကိုလည်း ဟိုတယ်တွင် ကျင်းပနိုင်ပါတယ်။

မင်္ဂလာပွဲအချိန်ကို နံနက်ပိုင်း ၁၀ နာရီနောက်ပိုင်းမှစ၍ မိမိကြိုက်နှစ်သက်ရာအချိန်ကို ရွေးချယ်နိုင်ပါတယ်။ မင်္ဂလာပွဲကို ရေကူးကန်ဘေးတွင်လည်းကောင်း၊ ဟိုတယ်အတွင်းတွင်လည်းကောင်း မိမိကြိုက်နှစ်သက်ရာ နေရာတွင် ကျင်းပနိုင်ပါတယ်။

ရေကူးကန်ဘေးတွင်ကျင်းပလျှင် ဧည့်သည်အယောက် ၁၀၀ မှ ၂၀၀ ထိ ဆန့်ပြီး ဟိုတယ်အတွင်းပိုင်းတွင် ကျင်းပလျှင် ဧည့်သည်အယောက် ၁၀၀ ခန့်အထိ ဆန့်ကြောင်း သိရပါတယ်။

နောက်ခံစာတမ်းရေးထိုးခြင်းနှင့် မင်္ဂလာအခမ်းအနားအပြင်ကို မိမိစိတ်ကြိုက်အပြင်မှခေါ်ယူ၍ ပြင်ဆင်နိုင်ပါတယ်။

ညစာစားပွဲနှင့် မင်္ဂလာပွဲအကျွေးအမွေးကို တရုတ်အစားအစာဖြင့် တစ်ယောက်ကုန်ကျစရိတ်မဟုတ်ဘဲ တစ်ဝိုင်းလျှင် တစ်သိန်း နှစ်သောင်းမှ တစ်သိန်းခွဲအထိရှိကြောင်း သိရပါတယ်။

မင်္ဂလာပွဲအချိန်အတွင်း သီချင်းဆိုချင်ရင်လည်း စက်ဖွင့်ပေးထားမည်ဖြစ်ပြီး စက်ဖိုးအတွက် တစ်သိန်းခွဲ ပေးရပါမယ်။ မိမိတို့ကြိုက်နှစ်သက်ရာသီချင်းကို နှစ်နာရီ၊ သုံးနာရီအချိန်အတွင်း ရွေးချယ်၍ သီဆိုနိုင်ပါတယ်။

အမှတ် ၁၂၊ ကိုယ့်မင်းကိုယ်ချင်းလမ်း၊ ဗိုလ်ချုပ် (၁) ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

၀၁-၅၄၁၉၇၈~၉၊ ၀၁-၅၄၁၉၈၁~၈၊ ၀၁-၅၄၁၉၉၀~၃

Read 1026 times
Rate this item
(0 votes)

Our Verticals