Tuesday, 15 November 2016 09:00

Mi Casa Hotel

Mi Casa Hotel ဟာ ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းမကြီး၊ ရန်ကင်းမြို့နယ်တွင်

တည်ရှိသည့် ဟိုတယ်တစ်ခုဖြစ်ပါတယ်။

ဟိုတယ်တွင် Swimming Pool, Mini Market, Children’s Play House, Loung and Bar အစရှိသည်တို့ရှိခြင်းကြောင့် သက်တောင့်သက်သာ အနားယူ အပန်းဖြေစရာ နေရာတစ်ခုလည်းဖြစ်ပါတယ်။

Mi Casa Hotel တွင် ကုမဏီညစာစားပွဲများ၊ မွေးနေ့ပွဲများ၊ မိသားစုမိတ်ဆုံစားပွဲများ၊ စေ့စပ်ပွဲများ၊ မင်္ဂလာပွဲများကိုလည်း တာဝန်ယူ စီစဉ်ဆောင်ရွက်ပေးလျှက် ရှိပါတယ်။

ဟိုတယ်တွင် မိမိကြိုက်နှစ်သက်ရာ မင်္ဂလာအချိန်ကို နံနက် ၉ နာရီမှစပြီး ညှိနှိုင်း၍ ဆောင်ရွက်နိုင်ပါတယ်။ ဟိုတယ်ရှိ ခန်းမတွင် လူဦးရေအယောက် ၁၂၀ ခန့်သာ ဆန့်ကြောင်း သိရပါတယ်။

မင်္ဂလာပွဲလာဧည့်သည်တစ်ယောက်ကုန်ကျစရိတ်မှာ ၁၆ ဒေါ်လာလျှင် မုန့် ၃ မျိုး၊ ကော်ဖီ၊ လက်ဖက်ရည် နှင့် ရေခဲမုန့် ပါဝင်မှာဖြစ်ပါတယ်။

ဧည့်သည်အယောက် ၁၀၀ အောက်ဆိုလျှင် မင်္ဂလာခန်းမကြေးမှာ ဒေါ်လာ ၂၀၀ ထပ်မံကုန်ကျမှာဖြစ်ပါတယ်။ နောက်ခံစာတမ်းရေးထိုးပေးခြင်း၊ မင်္ဂလာအခမ်းအနားအပြင်အဆင်ကို ဟိုတယ်မှ အနည်းအကျဉ်းမျှ ပြုလုပ်ပေးပါတယ်။

ညစာစားပွဲအတွက် International food ဖြင့် ဘူဖေးဆိုလျှင် တစ်ယောက်ကုန်ကျစရိတ် ၃၃ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။ အနည်းဆုံး လူဦးရေ ၁၀၀ ကျော်လျှင် ခန်းမကြေးထပ်ပေးစရာမလိုပါ။

ဟိုတယ်မှဝန်ဆောင်မှုအဖြစ် ၃၃ ဒေါ်လာဖြင့် လူဦးရေ ၁၂၀ ဆိုလျှင် wedding cake 100g ၀န်ဆောင်မှုပေးပါတယ်။

ဟိုတယ်တွင် ကားရပ်နားရန်အတွက် ကားပါကင်နေရာ လုံလုံလောက်လောက်လည်း ရှိပါတယ်။

 

ဆက်သွယ်ရန် အောက်ပါLinkတွင် ၀င်ရောက်ဖတ်နိုင်ပါတယ်။

Contact

Read 1516 times
Rate this item
(2 votes)
More in this category: « Hotel Shwe Gone Daing

Our Verticals