Wednesday, 19 October 2016 10:31

Hotel Yangon

Hotel Yangon သည် ရန်ကုန်မြို့၊ Junction 8 အနီး၊ မရမ်းကုန်းမြို့နယ်တွင် တည်ရှိသည့် ဟိုတယ်တစ်ခုဖြစ်ပါတယ်။

ဟိုတယ်တွင် ကုမ္ပဏီအစည်းအဝေးပွဲများ ကျင်းပနိုင်ခြင်း၊ စေ့စပ်မင်္ဂလာပွဲများ ကျင်းပနိုင်ခြင်း၊ လက်ထပ်မင်္ဂလာပွဲများကျင်းပနိုင်ခြင်းနှင့် မွေးနေ့ပွဲများကိုလည်း ဟိုတယ်တွင် ကျင်းပနိုင်ပါတယ်။

မင်္ဂလာအချိန်များမှာ နံနက် ၉ နာရီမှ ၁၁ နာရီအထိ၊ မွန်းလွဲ ၃ နာရီမှ ၅ နာရီအထိနှင့် ညနေ ၆ နာရီမှ ည ၈ နာရီအထိ ကျင်းပနိုင်ပါတယ်။

ခန်းမ

ဟိုတယ်တွင် လူဦးရေ ၂၀၀ အောက်ဆိုရင် ခန်းမကြေး ဒေါ်လာ ၅၀၀ ပေးရမှာဖြစ်ပြီး လူဦးရေ ၂၀၀ အထက်ဆိုရင် ခန်းမကြေး ပေးစရာမလိုပါ။ ဟိုတယ်ရှိ မင်္ဂလာခန်းမတွင် လူဦးရေ ၂၈၀ အထိ ဆန့်ပါတယ်။

ညစာစားပွဲအတွက် Asian Set Menu ဘူဖေးအတွက် တစ်ယောက်ကုန်ကျစရိတ် ၁၅ ဒေါ်လာမှ ၂၅ ဒေါ်လာအထိ အစားစားရှိပါတယ်။

ညစာစားပွဲတွင် လူဦးရေ အယောက် ၁၀၀ ဆိုရင် ခန်းမကြေး ပေးစရာမလိုပါ။ လူဦးရေ ၁၀၀ အောက်ဆိုရင်ဖြင့် ခန်းမကြေး ဒေါ်လာ ၅၀၀ ပေးရမှာဖြစ်ပါတယ်။

ဟိုတယ်တွင် မင်္ဂလာပွဲမလုပ်ခင် စရံငွေအဖြစ် ၃၀% ကို ပေးချေထားရမှာဖြစ်ပါတယ်။ မင်္ဂလာပွဲကို ဟိုတယ်ရှိ ၂ လွှာတွင် ကျင်းပနိုင်ပါတယ်။

ဝန်ဆောင်မှု

ဟိုတယ်မှ ၀န်ဆောင်မှုများအဖြစ် နောက်ခံစာတမ်းရေးထိုးပေးခြင်းနှင့် ခန်းမအပြင်အဆင် အနည်းငယ်ပါဝင် မှာဖြစ်ပါတယ်။ လူဦးရေ ၂၅၀ အထက်ဆိုရင် ဟိုတယ်မှ မင်္ဂလာကိတ်၊ အ၀င်ဝပန်းကုံးနှင့် ဟိုတယ်တွင် တစ်ညတာ တည်းခိုခွင့်တို့ကိုလည်း စီစဉ်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။

Hotel Yangon တွင် ကားအစီးရေ ၁၀၀ ရပ်နားနိုင်သည့် ကားပါကင်ပါဝင်သောကြောင့် မင်္ဂလာဆောင်လာမည့် ဧည့်သည်များအတွက် အဆင်ပြေလွယ်ကူစေမှာဖြစ်ပါတယ်။

အစားအသောက်

စဉ် အမျိုးအစား တစ်ယောက်ကုန်ကျစရိတ်
မုန့် ၃ မျိုး၊ ကော်ဖီ (သို့) လက်ဖက်ရည်၊ လက်ဖက်နှင့် ရေခဲမုန့် ၁၀ ဒေါ်လာ
မုန့် ၄ မျိုး၊ ကော်ဖီ (သို့) လက်ဖက်ရည်၊ လက်ဖက်နှင့် ရေခဲမုန့် ၁၂ ဒေါ်လာ
ဒံပေါက်ထမင်း (သို့) ထောပတ်ထမင်း၊ ရေခဲမုန့် ၁၄ ဒေါ်လာ

အထက်ပါဈေးနှုန်းများသည် ၂၀၁၆ ခုနှစ်အတွက်သာဖြစ်ပြီး နောက်နှစ်များတွင် ဈေးနှုန်းအတက်အကျရှိနိုင် ပါတယ်။


ပြည်လမ်း၊ Junction 8 အနီး၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

၀၁-၉၆၆၇၇၀၈၊ ၀၁-၉၆၆၇၆၈၈

Read 1775 times
Rate this item
(4 votes)

Our Verticals