Tuesday, 27 September 2016 07:05

Rose Garden Hotel

Rose Garden Hotel သည် အထက်ပန်းဆိုးတန်းလမ်းမကြီးတွင် တည်ရှိပြီး

5 Stars အဆင့်ရှိ ဟိုတယ်တစ်ခုဖြစ်ပါတယ်။

ဟိုတယ်သည် ရန်ကုန်မြို့၏ အချက်အချာကျ၍ သွားရလာရလွယ်ကူသောနေရာတွင် တည်ရှိသည့်အပြင် စိမ်းလန်းသော ပန်းဥယျာဉ်နှင့်အတူ လှပသော ရှုမြင်ကွင်းများအား ခံစားရင်း မိမိတို့၏ စိတ်ကူးအိပ်မက်များအား အကောင်အထည်ဖော်နိုင်မည့် နေရာတစ်ခုဖြစ်ပါတယ်။

ဟိုတယ်တွင် မင်္ဂလာပွဲကျင်းပဖို့အတွက် Ballroom ကို ၂၀၁၆ ခုနှစ် နှစ်စပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့ပါတယ်။

မင်္ဂလာအချိန်များကတော့ နံနက် ၉ နာရီမှ ၁၁ နာရီထိ၊ မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ၊ ညနေ ၅ နာရီမှ ၇ နာရီအထိ ကြိုက်နှစ်သက်ရာအချိန်ကို ယူနိုင်ပါတယ်။

မင်္ဂလာခန်းမတွင် ဧည့်သည်အယောက် ၇၀၀ ထိ ဆန့်သော ခန်းမဖြစ်ပြီး ဧည့်သည်အယောက် ၃၀၀ ဆိုလျှင် Ballroom ခန်းမတွင် မင်္ဂလာပွဲကို ကျင်းပနိုင်ပါတယ်။ ခန်းမကြေးကို သီးခြားကောက်ခံခြင်းမရှိဘဲ Wedding package ဖြင့်သာ ကုန်ကျမှာဖြစ်ပါတယ်။

တစ်ယောက်ကုန်ကျစရိတ် မုန့် ၄ မျိုး၊ ကော်ဖီ (သို့) လက်ဖက်ရည်၊ ရေခဲမုန့် ဆိုရင် ၁၇,၀၀၀ ကျပ်၊ ထောပတ်ထမင်းဆိုလျှင် ၂၁,၀၀၀ ကျပ် ကျသင့်မှာဖြစ်ပါတယ်။ ညစာစားပွဲအတွက် ဘူဖေး တစ်ယောက်ကုန်ကျစရိတ်မှာ အနည်းဆုံး ဒေါ်လာ ၃၀ မှ ဒေါ်လာ ၃၅ ထိ အစားစားရှိပါတယ်။

ဟိုတယ်မှ ၀န်ဆောင်မှုများကတော့ ခန်းမအတွင်းရှိ ပန်းအလှဆင်ပေးခြင်း၊ ကော်ဇောနီခင်းပေးခြင်း၊ နောက်ခံတေးဂီတစီစဉ်ပေးခြင်းအပြင် မီးအလှဆင်ပေးခြင်း၊ မင်္ဂလာမောင်နှံ အ၀တ်အစားလဲရန်နှင့် အလှပြင်ရန် အခန်းအခမဲ့သုံးစွဲခွင့်၊ နောက်ခံဆိုင်းဘုတ် စာသားများရေးဆွဲပေးခြင်း၊ မင်္ဂလာကိတ်စီစဉ်ပေးခြင်း၊ ရေခဲပန်းပုနှင့် ဒေါ်လာ ၁၈၀ တန် အမျိုးအစားအခန်းမှာ တစ်ညတာတည်းခိုခွင့်တို့ကိုလည်း ဟိုတယ်မှ ၀န်ဆောင်မှုပေးပါတယ်။

အကောင်းဆုံးများ စုဝေးရာ Rose Garden Hotel တွင် မင်္ဂလာမောင်နှံများ ပြီးပြည့်စုံတဲ့ မင်္ဂလာဧည့်ခံပွဲကို ဆင်နွှဲနိုင်ပြီး ဘ၀ရဲ့ လှပသော အမှတ်တရများနဲ့ မင်္ဂလာပွဲဖြစ်မြောက်ပြီးစီးစေဖို့အတွက်လည်း Rose Garden Hotel မှ ၀န်ဆောင်မှုများ ပေးလျှက်ရှိပါတယ်။

အမှတ် ၁၇၁၊ အထက်ပန်းဆိုးတန်းလမ်းမကြီး၊ ရန်ကုန်။

၀၁-၃၇၁၉၉၂၊ ၀၉-၂၆၃၄၄၀၅၀၀

Read 4197 times
Rate this item
(2 votes)

Our Verticals