Wednesday, 26 October 2016 09:51

Jasmine Palace Hotel

Jasmine Palace Hotel သည် ရန်ကုန်မြို့၊ ပြည်လမ်းမကြီး၊ စမ်းချောင်းမြို့နယ်တွင် တည်ရှိသည့်

4 Stars ဟိုတယ်တစ်ခုဖြစ်ပါတယ်။

ယင်းဟိုတယ်တွင် မွေးနေ့ပွဲများ၊ ကုန်ပစ္စည်းမိတ်ဆက်ပွဲများ၊ လုပ်ငန်းခွင်မိတ်ဆုံစားပွဲများ၊ မိသားစုဝင်များ၊ မိတ်ဆွေသူငယ်ချင်းများနှင့် တွေ့ဆုံစားသောက်ပွဲများကို ပြုလုပ်နိုင်တဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။

ဟိုတယ်တွင် မင်္ဂလာပွဲကို ကျင်းပလို့မရပေ။ သို့ပေမယ့်လည်း မင်္ဂလာညစာစားပွဲကို စနေနေ့နှင့် တနင်္ဂနွေနေ့ နေ့လည် ၂ နာရီနောက်ပိုင်း ဟိုတယ်တွင် ကျင်းပနိုင်ပါတယ်။

ညစာစားပွဲအတွက် ခန်းမအတွင်းတွင် ဧည့်သည်အယောက် ၂၅၀ အထိ ဆန့်ပါတယ်။ ဧည့်သည်အယောက် ၁၀၀ နှင့်အထက်ဆိုလျှင် ခန်းမကြေးထပ်ပေးစရာမလိုပါ။

ညစာစားပွဲအတွက် အခမ်းအနားအပြင်ကိုလည်း မိမိအစီအစဉ်ဖြင့် ဆောင်ရွက်ရမှာဖြစ်ပါတယ်။

ဟိုတယ်တွင် စားသောက်စရာများဖြစ်သည့် Chinese Set, Asian Set, International Set menu များကို ရွေးချယ်နိုင်ပါတယ်။ ဘူဖေးအတွက် တစ်ယောက်ကုန်ကျစရိတ်မှာ ကျပ် သုံးသောင်းခွဲမှ ကျပ်ငါးသောင်းအထိ ရှိပါတယ်။

ညစာစားပွဲကို အပေါ်ထပ် ၂၁ လွှာတွင် ရွှေတိဂုံဘုရား ရှုမျှော်ခင်းကိုကြည့်ရှုရင်းနှင့် တည်ခင်းဧည့်ခံနိုင်ပါတယ်။

No. 341, Pyay Road, Sanchaung Township, Yangon.
01-2304402, 01-2304403, 01-538953, 01-538954 

Read 1001 times
Rate this item
(4 votes)

Our Verticals