Tuesday, 11 October 2016 06:41

Wedding Venue

မင်္ဂလာနေရာဆိုတာ သတို့သား၊ သတို့သမီးကလည်း အဆင်ပြေပြီး ဖိတ်ကြားထားသော ဧည့်သည်များနှင့် လည်း

အဆင်ပြေသော နေရာကို ရွေးချယ်သင့်ပါတယ်။ မင်္ဂလာရက် သတ်မှတ်ပြီးပြီဆိုရင်ဖြင့် ခန့်မှန်းကုန်ကျငွေနှင့် ရာသီဥတုပေါ်မူတည်ပြီး ဟိုတယ်၊ ဘုန်းကြီးကျောင်း၊ စားသောက်ခန်းမနဲ့ ပန်းဥယျာဉ် လားဆိုတာကို နှစ်ဦးနှစ်ဘက် သေသေချာချာ စဉ်းစားပြီး ရွေးချယ်ရန်လိုအပ်လာပါပြီ။

ဟိုတယ်

ဟိုတယ်ကို ရွေးချယ်ခြင်းဖြင့် အစားအသောက်၊ အပြင်အဆင်နှင့် နေရာထိုင်ခင်းကအစ သတို့သားနှင့် သတို့သမီးတို့အတွက်လည်း အလှပြင်ခန်းအပါအ၀င် ၀န်ဆောင်မှုများပေးလျှက်ရှိပါတယ်။

ထို့အပြင် မိမိရွေးချယ်ထားသည့် wedding package ပေါ်မူတည်၍လည်း အခြားဝန်ဆောင်မှုများ တစ်နေရာတည်းတွင် ရရှိနိုင်ပါတယ်။

ဘုန်းကြီးကျောင်း

ဘုန်းကြီးကျောင်းတွင် မင်္ဂလာဦးဆွမ်းကျွေးခြင်းဖြင့် သံဃာတော်များကိုလည်း ဆွမ်းဆက်ကပ်လှူဒါန်းရခြင်း၊ ၀တ္ထုငွေဆက်ကပ်ရခြင်းအစရှိသည့် အကျိုးကျေးဇူးများကိုလည်း ရရှိနိုင်ပါသေးတယ်။

ဘုန်းကြီးကျောင်းတွင် မင်္ဂလာဆောင်လျှင် ကျောင်းထိုင်ဆရာတော် သို့မဟုတ် ဂေါပကလူကြီးကို မင်္ဂလာနေ့ရက် လျှောက်ထားရန်လိုအပ်ပါတယ်။ မိမိကြိုက်နှစ်သက်သော ဘုန်းကြီးကျောင်းပေါ်မူတည်ပြီး ၀န်ဆောင်မှုအပြီးအစီးနှင့် ခန်းမ သီးသန့်ဝန်ဆောင်မှုများလည်း ရှိပါတယ်။

Read 783 times
Rate this item
(1 Vote)

Our Verticals