Thursday, 20 October 2016 09:38

ဆောင်းဦးရာသီ သတို့သမီးအရံဝတ်စုံ - ၃

လတ်ဆတ်တဲ့ ဆောင်းဦးချိန်ခါက သင့်ရဲ့မင်္ဂလာပွဲနဲ့ သတို့သမီးပွဲထုတ်တဲ့ အခမ်းအနားတွေအတွက်

စိတ်ကူးစိတ်သန်းတွေ များစွာဖြစ်ပေါ်လာစေမှာပါ။

သတို့သမီးအရံ ၀တ်စုံအရောင်ရွေးချယ်တဲ့အခါ ဆောင်းဦးကာလ သစ်တော၊ သစ်ရွက်အရောင်တွေကို ထည့်စဉ်းစားပါ။  

အရောင်ညိုမှိုင်းမှိုင်းတွေကိုပဲ သင်ဝတ်မလား။ ဆန္ဒရှိရင် ဝတ်လို့ရတယ်ဆိုပေမယ့် ပိုမှားသွားနိုင်ပါတယ်။ စိန်ရောင်ရွှေရောင်တွေနဲ့ ရောစပ်တောက်ပနေတဲ့ ၀တ်စုံလောက် ချစ်စရာကောင်းတာမရှိပါဘူး။

အနက်ရောင်ဟာလည်း ဆောင်းဦးရွက်ကြွေတွေနဲ့ ဆန့်ကျင်ပနံသင့်စွာ ကြည့်ကောင်းနေမှာပါ။ အမြဲနှစ်သက်စရာကောင်းတဲ့ သတို့သမီးအရံဝတ်စုံပုံစံကို ပြောရရင် ရင်သပ်ရှုမောဖွယ်ရာအရောင်အမျိုးမျိုးနဲ့ လွတ်လပ်ပေါ့ပါးတဲ့ ဒီဇိုင်းဝတ်စုံပဲဖြစ်ပါတယ်။

ဒါပေမယ့် ပိုပြီးပေါ့ပါးတဲ့ အဝတ်အစားတွေ ဝတ်ဖို့မစိုးရွှံ့ပါနှင့်။ အရောင်မနုမရင့်ဖြစ်တဲ့ မြေသားသဘာဝအရောင်က တောဆန်တဲ့ ဆောင်ဦးအချိန်အခါကို ပုံဖော်ပေးမှာပါ။  

ဒါ့အပြင် မိမိဝတ်ထားတဲ့ ပြက်ပြက်လက်နေတဲ့ လက်ဝတ်ရတနာအရောင်တွေနဲ့ ပေါင်းစပ်လိုက်ရင် စွဲမက်ဖွယ်အသွင်အပြင် ဖြစ်စေမှာပါ။ ဆောင်းဦးမှာ မင်္ဂလာဆောင်သူတွေအနေနဲ့ -

၁၁။ မြစိမ်းရောင် ဝတ်စုံကလည်း တုနှိုင်းမဲ့ပါပဲ။

၁၂။ ရွှေရောင်လက်လက် ဝတ်စုံနဲ့ ဆောင်းဦးရွက်ကြွေတွေကလည်း လိုက်ဖက်တဲ့အဆင်ပါ။

၁၃။ ပန်းရောင်လို မသိမသာကွဲလွဲနေတဲ့အရောင်မနုမရင့်နဲ့ ဝတ်စုံလေးတွေက ပြစ်မျိုးမဲ့မထင်ပုံစံဖြစ်စေကာ ချစ်ခင်နှစ်သက်စရာပိုစေပါတယ်။

၁၄။ သားမွှေးထည်တွေဝတ်တာကလည်း အေးတဲ့ဆောင်းဦးကာလနဲ့လိုက်ဖက်ပြီး စတိုင်လည်းကျစေပါတယ်။ ဒါကို အဆင်တန်ဆာအလှဆင်ယင်ထားတဲ့ ဝတ်စုံတွေနဲ့ တွဲဖက်ဝတ်လိုက်ရင် တပ်မက်ဖွယ်ဖြစ်စေပါတယ်။

၁၅။  စိန်ရွှေရတနာအရောင်တွေက ဆောင်းဦးရာသီအချိန်မှာ စိုပြေတဲ့အသားအရေကို ပေါ်လွင်စေပါတယ်။

Read 658 times
Rate this item
(0 votes)

Our Verticals