Wednesday, 26 October 2016 06:55

သင့်ရဲ့နေ့ထူးနေ့မြတ်မတိုင်မီ လျေ့ကျင့်ထားရမည့် အချက်များ

လေ့ကျင့်မှုကပြည့်စုံစေပါတယ်။ မင်္ဂလာဆံပင်ထုံးဖွဲ့မှုတွေ၊ မိတ်ကပ်လိမ်းခြယ်မှုတွေအပြင် မင်္ဂလာဝတ်စုံဝတ်ဆင်တာတွေနဲ့

အလုပ်များနေမယ့် သင့်ရဲ့မင်္ဂလာရက်မြတ်မှာ အခက်အခဲမရှိ အားလုံးနေသားတကျ ပြည့်စုံသွားစေဖို့အတွက်ဆိုရင် ကြိုတင်လေ့ကျင်မှုက အရေးကြီးပါတယ်။ အောက်ဖော်ပြပါအချက်တွေကတော့ သင့်ရဲ့နေ့ထူးနေ့မြတ်မတိုင်မီမှာ လုံးဝကြိုတင်လေ့ကျင့်ထားရမယ့် အချက်များကို ဖော်ပြပေးထားပါတယ်။

၁။ မင်္ဂလာအက

ဒီပွဲမတိုင်ခင်မှာ မင်္ဂလာအကမကဖူးတဲ့သူရှိရင် ကြိုတင်ပြီး အကလေ့ကျင့်ထားရမှာပါ။ ပွဲမတိုင်ခင် အကလေ့ကျင့်တာက လူအများရှေ့ကပြရတဲ့အခါ အဆင်မပြေတာတွေနဲ့ စိုးရိမ်စိတ်တွေကို လျှော့ချပေးနိုင်မှာပါ။

၂။ ကျမ်းသစ္စာဆိုခြင်း

စောဒကတက်စရာမလိုအောင် လိုအပ်တဲ့အရာတစ်ခုပါ။ ကျမ်းသစ္စာစကားတွေကို စာနဲ့မှတ်၊ ကိုယ်နဲ့မကွာဆောင်ထားပြီး မင်္ဂလာပွဲမှာ ကြည့်ဆိုမယ်လို့ ဆုံးဖြတ်ထားရင်တောင် ပွဲမတိုင်ခင် ကျယ်ကျယ်ရွတ်ဆိုလေ့ကျင့်တာက တကယ့်အချိန်ကျရင် သက်သောင့်သက်သာနဲ့ ရွတ်ဆိုနိုင်စေမှာဖြစ်ပါတယ်။

၃။ သင့်ရဲ့ မင်္ဂလာဆံထုံးဖွဲ့မှုနဲ့ မိတ်ကပ်

ဒါကလည်း လုံးဝလုပ်ဆောင်ရမယ့် အရာပါ။ သင့်မင်္ဂလာဆံထုံးကို သင်နှစ်သက်တဲ့ပုံစံဖြစ်ဖို့ သင့်ရဲ့ မင်္ဂလာဆံထုံးဖွဲ့ပြင်ဆင်ပေးသူနဲ့ တိုင်ပင်လေ့ကျင့်ထားရမှာပါ။ သတို့သမီးတစ်ယောက်အတွက်တော့ မင်္ဂလာပွဲနေ့မှာ ဆံပင်ပုံစံနဲ့ မိတ်ကပ်ဆင်ယင်ထုံးဖွဲ့မှုအပေါ် စိတ်သက်သောင့်သက်သာမဖြစ်တာလောက် စိတ်ပျက်စရာကောင်းတာ မရှိတော့ပါဘူး။

၎။ ဓါတ်ပုံရိုက်ကူခြင်း

မင်္ဂလာပွဲနေ့ကျရင် မင်္ဂလာဓါတ်ပုံဘယ်လို အနေအထားတွေနဲ့ ရိုက်မယ်ဆိုတာ ကြိုတင်လေ့ကျင့်ထားပါ။ တချို့အတွက် ဒါကပထမဆုံးအကြိမ်သတို့သားနဲ့ သတို့သမီးအတူတွဲပြီး ဓါတ်ပုံရိုက်တာ တချို့မင်္ဂလာမောင်နှံတွေအတွက် စိမ်းနေတတ်ပါတယ်။ ဒါကြောင့် ဓါတ်ပုံရိုက်တဲ့အခါ ပရော်ဖက်ရှင်နယ်ကျကျ ခမ်းနားလှပနေစေဖို့ ပွဲမတိုင်ခင်မှာ ကြိုလေ့ကျင့်ထားတာက ပိုအဆင်ပြေစေမှာပါ။

၅။ စကြလမ်းတစ်လျှောက် အတူတွဲလျှောက်လှမ်းခြင်း

စိတ်လှုပ်ရှားမှုမရှိဖို့ လေ့ကျင့်တာက ကောင်းပါတယ်။ မင်္ဂလာမောင်နှံနှစ်ဦး တင့်တင့်တယ်တယ်နဲ့ ခြေလှမ်းညီညီလှမ်းနိုင်ဖို့ ခြေလှမ်းအနှေး၊ အမြန် ထိန်းသိမ်းနိုင်ဖို့အတွက် ပွဲမတိုင်ခင် လေ့ကျင့်ထားပါ။

Read 566 times
Rate this item
(0 votes)

Our Verticals