Thursday, 29 September 2016 10:26

Honeymoon Trip Places

ဟန်းနီးမွန်းထွက်မည့် မင်္ဂလာမောင်နှံများအတွက် ဘယ်တော့မှ မရိုးနိုင်တဲ့ ပြည်တွင်းဟန်းနီးမွန်းအဖြစ်

သွားသင့်သည့်နေရာအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

ငပလီ

မရိုးနိုင်တဲ့ ကမ်းခြေအလှအပကို အုန်းစိမ်းရည်သောက်ပြီး ခံစားရင်း အပန်းဖြေနိုင်ပါတယ်။ စိတ်လွတ် ကိုယ်လွတ် ပျော်ပျော်ရွှင်ရွှင် ပျော်ရွှင်စွာ ရေကစားနိုင်ပါတယ်။ နှစ်ဦးသဘောကျ အေးအေးဆေးဆေး အနားယူအပန်းဖြေနိုင်တဲ့ နေရာတစ်ခုဖြစ်ပြီး လှပတဲ့ ရှုမျှော်ခင်းနှင့်အတူ အမှတ်တရ ဓာတ်ပုံလှလှလေးများကို လည်း ရိုက်နိုင်ပါသေးတယ်။

တောင်ကြီး

တောင်ကြီးမြို့တွင်ရှိသည့် သမိုင်းဝင်ဘုရားများ၊ မွေတော်ကက္ကူ၊ ပင်းတယလိုဏ်ဂူ၊ တောင်ကြီးမြို့ရှုခင်း၊ တောင်ကြီးဈေးနှင့် စိတ်အပန်းဖြေအနားယူနိုင်တဲ့ နေရာများစွာရှိပြီး တောင်ကြီးမြို့၏ ရှုမျှော်ခင်းနှင့်အတူ အမှတ်တရ ဓာတ်ပုံလှလှလေးများကို လည်း ရိုက်နိုင်ပါသေးတယ်။

အင်းလေး

အင်းလေးဖောင်တော်ဦးဘုရားနှင့် သမိုင်းဝင်ဘုရားများ၊ မရိုးနိုင်တဲ့ အင်းလေးဒေသရှုမျှော်ခင်း၊ ဆေးလိပ်ခုံ၊ ဂျက်ခုတ်လုပ်ငန်းများ အစရှိသည့် ယဉ်ကျေးမှုဓလေ့ရိုးရာများကို ကြည့်ရှုနိုင်ပြီး စိတ်အပန်းဖြေအနားယူနိုင်တဲ့ နေရာများလည်းရှိပါတယ်။ အင်းလေးကန်၏ ရှုမျှော်ခင်းနှင့်အတူ အမှတ်တရ ဓာတ်ပုံလှလှလေးများကိုလည်း ရိုက်နိုင်ပါသေးတယ်။

ပုဂံ-ညောင်ဦး

ညောင်ဦးမြို့နယ်အတွင်း ဧရာဝတီမြစ်၏ အရှေ့ဖက်ကမ်းတွင်တည်ရှိပါတယ်။ ပုဂံရှေးဟောင်းလက်ရာများမှာ ပြည်တွင်းပြည်ပတို့မှ ခရီးသွားများကို ဆွဲဆောင်နိုင်ပါတယ်။ ယဉ်ကျေးမှုအမွေအနှစ်များ စုစည်းရာပုဂံရှုခင်းများ၊ ပုဂံဘုရားများ၊ နေ၀င်ချိန်ဆည်းဆာ အလှအပများခံစားရင်း အနားယူ အပန်းဖြေနိုင်တဲ့နေရာ တစ်ခုဖြစ်ပါတယ်။ ပုဂံဘုရားရှုခင်းများနှင့်အတူ အမှတ်တရ ဓာတ်ပုံလှလှလေး များကိုလည်း ရိုက်နိုင်ပါသေးတယ်။

Read 2065 times
Rate this item
(1 Vote)

Our Verticals