Friday, 09 December 2016 04:29

မင်္ဂလာပွဲချိန်မရောက်ခင် ကြိုတင်ပြင်ဆင်ရန် အချက်များ - ၂

သင့်ရဲ့နေ့ထူးနေ့မြတ်ကြီးကတော့ ရောက်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့်

မင်္ဂလာပွဲအတွက် စီစဉ်စရာတွေ ပြီးသွားပြီလို့တော့ ဆိုလို့မရသေးပါဘူး။ မင်္ဂလာစင်္ကြံလမ်းပေါ် ဖြတ်မလျှောက်ခင်မှာ သတို့သမီးအတွက် သတိပြုရမယ့် အချက်လေးတွေကို သိစေချင်ပါသေးတယ်။ ဝမ်းသာစရာကောင်းတာက ဒီအချက်အလက်တွေဟာ သတို့သမီးတိုင်းလိုက်နာနိုင်တဲ့ အချက်တွေဖြစ်ပါတယ်။ ဒါပေမယ့် အမှုမဲ့အမှတ်မဲ့ ထားလို့မရတဲ့ အချက်တွေဆိုတာ သိစေချင်ပါတယ်။

နောက်ဆုံးအကြိမ် ဝတ်စုံအစမ်းဝတ်ကြည့်ပါ

လူတိုင်းသိပေမယ့် မလုပ်မိတဲ့ အရာတစ်ခုက မင်္ဂလာဝတ်စုံကိုပိုလှသွားအောင် Accessories တပ်ဆင်တာတွေ နဲ့ ပြင်ထားတာတွေရှိရင် ပွဲချိန်မှာအခက်မတွေ့စေဖို့ ဝတ်ရတာ အဆင်ပြေရဲ့လား ဆိုတာကို သိဖို့နောက်ဆုံးအကြိမ် စမ်းဝတ်ကြည့်သင့်ပါတယ်။

သတို့သားအတွက် အမှတ်တရစာရေးပေးပါ

မျှော်လင့်နေကြရတဲ့ ဒီလိုနေ့မျိုး အမှန်တကယ်ရောက်လာပြီး သူရဲ့ဇနီးအဖြစ် တရားဝင်ဖြစ်လာဖို့ သင်ဘယ်လောက် စိတ်လှုပ်ရှားပျော်ရွှင်ရတဲ့အကြောင်း စာတိုပေစလေးရေးပြီးအသိပေးဖို့ အချိန်ပေးပါ။ ဒီလိုစာလေးက သင့်ရဲ့သတို့သားကို မင်္ဂလာပွဲချိန်မှာ ထူးထူးခြားခြား ကြည်နူးသွားစေမှာ အမှန်ဖြစ်ပါတယ်။

မင်္ဂလာပွဲကျမ်းကျိန်စာသားတွေကိုအချောသတ်ပါ

မင်္ဂလာပွဲကျမ်းကျိန်စာသားတွေက သင်တို့ရဲ့ ရိုးရာအစဉ်အလာနဲ့ လိုက်ဖက်မှုရှိပါသလား၊ ဘာတွေ ထပ်ဖြည့်ဖို့ လိုအပ်မလဲဆိုတာတွေအပြင် အဆင်ချောချောနဲ့ ဖတ်လို့ရမရ ဆန်းစစ်ပြီး စာကိုအချောသတ်ပါ။

အရာအားလုံးအချိန်ကိုက် ဖြစ်စေဖို့စိစစ်ပါ

ငှားရမ်းတဲ့အရာတွေ အချိန်ကိုက်ရောက်လာဖို့၊ မင်္ဂလာကိတ်ပြင်ဆင်ချိန်နဲ့ နေရာတွေအတွက်၊ ပန်းအလှဆင်မှုတွေ စတာတွေ သူ့အချိန်နဲ့အတူ ပြီးမြောက်ဖို့ နောက်ဆုံးအကြိမ် မိမိငှားရမ်း (သို့) ဝယ်ယူမယ့် ဆိုင် (သို့) စတိုးဆိုင်ကို အကြောင်းကြားပြီး တိကျတဲ့အချိန်ကို ပြောထားသင့်ပါတယ်။

Read 2190 times
Rate this item
(2 votes)

Our Verticals