Wednesday, 30 November 2016 06:37

ပျားရည်ဆမ်းခရီးအတွက် ကြိုတင်ပြင်ဆင်ရမည့်အချိန်

၆လအလို

မင်္ဂလာဆောင်ပွဲအတွက် ပြင်ဆင်နေချိန်မှာပဲ ပျားရည်ဆမ်းခရီးအတွက် ဘယ်နေရာကို

သွားမယ်ဆိုတာ ကြိုတင် တိုင်ပင်ထားသင့်ပါတယ်။ ဥပမာ ကမ်းခြေ၊ စွန့်စားရမယ့်ခရီး၊ သမိုင်းဝင် အမွေအနှစ်တွေ ရှိရာဒေသ၊ နိုင်ငံခြားအပန်းဖြေခရီး စသည်ဖြင့် ကြိုတင်စီစဉ်ထားသင့်ပါတယ်။

ဘယ်နှစ်ရက်သွားမလဲ၊ ငွေပမာဏဘယ်လောက်သုံးမလဲဆိုတာကိုလည်း ထည့်စဉ်းစားသင့်ပါတယ်။ ဥရောပခရီးစဉ်ဆိုပါက (၁၀)ရက်မှ (၁၅)ရက်အထိ ကြာမြင့်နိုင်တာကြောင့် အချိန်တိုင်းက အရေးကြီးပါတယ်။

ထင်ရှားတဲ့ နေရာတွေကိုလည်း ခရီးသွားလမ်းညွှန်စာအုပ်၊ မဂ္ဂဇင်း၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ၊ Website Page များတွင် ဝင်ရောက်လေ့လာသင့်ပါတယ်။

အရေးကြီးဆုံးက ငွေပမာဏဖြစ်ပါတယ်။ ပျားရည်ဆမ်းခရီးအတွက် ကုန်ကျစရိတ်တွေကတော့ ကား၊ လေယာဉ်လက်မှတ်၊ ဟိုတယ်တည်းခိုစရိတ်နဲ့ စားသောက်စရိတ်တို့ ဖြစ်ပါတယ်။

၃လအလို

ပျားရည်ဆမ်းခရီးအတွက် ကြိုတင်ငွေစရံကိုလည်း ပေးဆောင်ထားပါ။ နိုင်ငံခြားခရီးဆိုပါက လိုအပ်တဲ့ Passport, Visa တွေကိုလည်း ကြိုတင်ပြင်ဆင်ထားပါ။

၁လအလို

လိုအပ်တဲ့ပစ္စည်းတွေကို ချရေးထားပါ။ အဝတ်အစား၊ ရေမွှေး၊ နေလောင်ခံ ခရင်မ် အစရှိတဲ့ ပစ္စည်းစာရင်းတွေ ကြိုတင် ပြင်ဆင်ထားပါ။

Read 1596 times
Rate this item
(0 votes)

Our Verticals