Monday, 31 October 2016 04:44

Wedding Package - Sweety Home

“ဝါကျွတ်ကာလ အခါသမယမှာ နှစ်ကိုယ်တူဘဝ ထူထောင်ကြမယ့် မင်္ဂလာမောင်နှံများအတွက်(၂၅)သိန်းတန်

Wedding Package ကံထူးနိုင်မည့် အခွင့်အရေး”

“မင်္ဂလာဆောင်မယ် မင်္ဂလာဆောင်မယ်.. ဒီတစ်မိုးကုန်ရင်ကွယ်..” ဆိုတဲ့ သီချင်းလေးအတိုင်းပဲ မိုးလေကင်းလွတ်လို့ ဝါကျွတ်ကာလကိုရောက်ရင်ဖြင့် နှစ်ကိုယ်တူဘဝ ထူထောင်ကြဖို့ ပြင်ဆင်နေကြတဲ့ မင်္ဂလာမောင်နှံတို့အတွက်တော့ ရင်ခုန်ကြည်နူးဖွယ်ရာ ပျော်ရွင်ဖွယ်ရာတွေ နဲ့ ပြည့်နှက်နေပါပြီ။


ဒီအပျော်တွေနှင့်အတူ ရင်ခုန်ပျော်ရွှင်စရာကောင်းတဲ့ အစီအစဉ်လေးတွေကို ဆွိတီးဟုမ်းမှ မင်္ဂလာမောင်နှံတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။


ဒီအစီအစဉ်လေးကို ဆွိတီးဟုမ်းကုမ္ပဏီနှင့် မင်္ဂလာအခမ်းအနားပြင်ဆင်မှုအပိုင်းတွင် နာမည်ကြီးဖြစ်သော Aroma Wedding Studio တို့မှ ပူးပေါင်းပြီး ကံထူးရှင် မင်္ဂလာမောင်နှံတစ်စုံ ရွှေးချယ်ပေးဖို့ ကျင်းပပြုလုပ်ရခြင်းဖြစ်ပါတယ်။


ကံထူးရှင် မင်္ဂလာမောင်နှံတစ်စုံအတွက် ဆွိတီးဟုမ်းကုမ္ပဏီမှ မင်္ဂလာခန်းဝင်ပစ္စည်းအပြည့်အစုံ(One set) ဖြစ်တဲ့ ကြိတ်သားကုတင်၊ စပရင်မွေ့ရာ၊ ဘီရို၊ မှန်တင်ခုံဝမ်းဆက်၊ ခေါင်းအုံး၊ ဖက်လုံး၊ အိပ်ယာခင်းဝမ်းဆက်တစ်စုံ၊ လက်ဖွဲ့ငွေ (ငါးသိန်းကျပ်) အပြင်၊ Aroma Wedding Studio မှ သတို့သား၊ သတို့သမီးအတွက် pre-wedding photo၊ မင်္ဂလာဝတ်စုံ၊ မိတ်ကပ်၊ ဆံပင်၊ လက်ဝတ်လက်စားများနှင့် မင်္ဂလာဓါတ်ပုံ၊ ဗွီဒီယိုဝန်ဆောင်မှုများ(Silver Package) ကို မေတ္တာဖြင့် လက်ဖွဲ့ ပေးသွားမှာဖြစ်ပါတယ်။


ဒါ့ကြောင့် မင်္ဂလာမောင်နှံတို့အတွက် အဆင်လည်းပြေ၊ ပျော်ရွှင်ရင်ခုန်ဖွယ်ကောင်းတဲ့ ဒီအစီအစဉ်လေးမှာ ပါဝင်ချင်တယ်ဆိုရင်တော့ October လအတွင်းမှာ ရန်ကုန်မြို့နှင့် မန္တလေးမြို့များရှိ Sweety Home Living Mall များတွင် မင်္ဂလာအကြိုမောင်နှံ စုံတွဲများ နှစ်ယောက်အတူလာရောက်၍ မည်သည့်ဆွိတီးဟုမ်း ထုတ်ကုန်ပစ္စည်းမဆို ဝယ်ယူအားပေးပြီး မိမိတို့ရဲ့ ဖေ့ဘွတ်ခ်တွင် Check In ဝင်ပြီး Post တင်ရုံမျှဖြင့် ကံစမ်းခွင့် လက်မှတ် များ ရရှိမှာဖြစ်ပါတယ်။


ကံထူးရှင်ရွှေးချယ်ပွဲကိုတော့ November Second Week တွင် Park Royal hotel မှာ မဲနှိုက်ရွှေးချယ် ပေးသွားမှာ ဖြစ်ပါတယ်။


Read 853 times
Rate this item
(0 votes)

Our Verticals