Wednesday, 05 October 2016 06:52

ဓာတ်ပုံရိုက်တဲ့အခါ ဘယ်လိုပုံစံနေမလဲ - ၃

မင်္ဂလာမောင်နှံများ တစ်သက်တာအမှတ်ရစေမယ့် မှတ်တမ်းဓါတ်ပုံလေးတွေရရှိအောင်

ဓါတ်ပုံရိုက်စဉ် ရှိနေသင့်တဲ့ ပုံစံအနေအထားလေးတွေကို ဖော်ပြပေးထားပါတယ်။

ဒါမှလည်း ကိုယ်ကိုတိုင်အပြင် မိမိဆွေမျိုးသားချင်းတွေ၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ နောင်ရရှိလာမယ့် မိမိရင်သွေးလေးတွေနဲ့ ပြန်လည်ကြည့်ရှုတဲ့အခါ စိတ်ကြည်နူးကျေနပ်ဖွယ် ပုံရိပ်ကောင်းလေးတွေ ရရှိမှာ ဖြစ်ပါတယ်။ ကဲဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ။

 

ဆံပင်နဲ့ မိတ်ကပ်ကိုအစမ်းလိမ်း၊ အစမ်းအလှပြင်ပြီး အရိုက်ခံကြည့်ပါ။

မင်္ဂလာနေ့ရက်မတိုင်မီဆံပင်နဲ့ မိတ်ကပ်ကို အစမ်းလိမ်း၊ အလှဆင်ကြည့်ခြင်းဖြင့် မင်္ဂလာနေ့မှာမိမိရဲ့ ပုံစံဘယ်လိုနေမယ်ဆိုတာကို သိထားအောင် ကြိုတင်လုပ်သင့်ပါတယ်။

ဓါတ်ပုံကိုလည်း ရိုက်ကြည့်ပါ။ အပြင်ဘက်ကမိမိအပြင်အဆင်နဲ့ ဓါတ်ပုံထဲကပုံ ဘယ်လိုကွာခြားတယ် ဆိုတာကို သိမြင်နိုင်မှာ ဖြစ်ပါတယ်။

ကျွမ်းကျင်မိတ်ကပ်ဆရာများအနေဖြင့်လည်း ဓါတ်ပုံရိုက်ရင် ထားရှိရမည့် မိတ်ကပ်အနေထားပြောင်တင်းမှု၊ ဖြူဖွေးမှု စသည့် အနေအထားများကို သိရှိပြီးဖြစ်ပါတယ်။

သို့သော် သင့်အနေဖြင့်လည်း ကင်မရာမီးရောင်ကြောင့် မိမိမျက်နှာပေါ်မှ မိတ်ကပ်ဟာ လိုသည်ထက်ပိုပြီး အရောင်ပြန်မှု မရှိစေရေးအတွက် မိတ်ကပ်မလိမ်းမီ အောက်ခံတစ်ခုခုခံပြီး လိမ်းရမယ်ဆိုတာကို သိရှိရပါမယ်။

သို့မှသာ သဘာဝအသားအရည်ပုံစံနဲ့ လှပနေပေလိမ့်မည်ဖြစ်သည်။

Read 1038 times
Rate this item
(0 votes)

Our Verticals