Thursday, 13 October 2016 09:04

လေဟာပြင်လက်ထပ်ပွဲကျင်းပရာတွင် သတိပြုရမည့်အချက်များ - ၆

လေဟာပြင်မှာ လက်ထပ်ပွဲကျင်းပတာလောက် ခမ်းနားထည်ဝါတာမရှိပါဘူး။ ဒါပေမယ့်

လျှပ်စစ်မီးပျက်လပ်မှုတွေ၊ စိတ်မချရတဲ့ ရာသီဥတုအခြေအနေတွေကြောင့် မင်္ဂလာပွဲပျက်ဖို့ ဖန်လာတတ်ပါတယ်။

သင့်အနေနဲ့  ပင်လယ်နားမှာပဲဖြစ်ဖြစ်၊ ရေကန်နဘေးမှာပဲဖြစ်ဖြစ်၊ ခြံထဲမှာဖြစ်ဖြစ်၊ စပျစ်ဥယျာဉ် (သို့) ပန်းခြံထဲမှာဖြစ်ဖြစ် မင်္ဂလာပွဲကျင်းပချင်တယ်ဆိုရင်တော့ သတိထားရမယ့်အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

- ဧည့်သည်တွေအတွက် လိုအပ်လာမယ့် အသုံးအဆောင်တွေကို မမေ့ပါနဲ့။

ခေါက်သိမ်းလို့ရတဲ့ ဧည့်ခန်းအသုံးအဆောင်တွေကို သုံးလို့ရပါတယ်။ ဒါပေမယ့် ဒီလိုသုံးဖို့ လျှပ်စစ်တွေ၊ ရေပိုက်ခေါင်းတွေ တပ်ဆင်ဖို့  လိုအပ်မှာဖြစ်လို့ သင့်တော်တဲ့အဆောက်အဦးနဲ့ နီးနီးကပ်ကပ်ထားတာပိုကောင်းပါလိမ့်မယ်။

နောက်ပြီး ဧည့်သည်တွေအတွက် ကိုယ်လက်ဆေးကြောသန့်စင်ဖို့ ရေချိုးခန်း (သို့) သန့်စင်ခန်း အနီးအနားမှာ ရှိနေဖို့လည်း လိုပါလိမ့်မယ်။

Read 412 times
Rate this item
(1 Vote)

Our Verticals