Friday, 23 September 2016 07:31

မင်္ဂလာဆောင်နေရာရွေးချယ်ရန် အချက်များ - ၂

မင်္ဂလာမောင်နှံတို့ ကနဦးမင်္ဂလာဆောင်မည့်နေရာကို ကြိုတင်၍ ကြည့်ရှု

လေ့လာထားရမှာဖြစ်ပါတယ်။

ဘယ်အရာနဲ့ ဧည့်ခံမယ်ဆိုတာ စဉ်းစားထားပါ

အစားအသောက်လိုအပ်ချက်တွေကို အရင်စဉ်းစားရပါမယ်။ အိမ်မှာပဲ ချက်ပြုတ်ကျွေးမွေးရင် ပိုပြီးအလုပ်များ တတ်ပါတယ်။ ဘုန်းကြီးကျောင်းမှာ ကျွေးမွေးဧည့်ခံရင်လည်း ပန်းကန်ခွက်ယောက် အပိုသုံးရမယ့် အစားအသောက်မျိုးကို လည်း ရှောင်သင့်ပါတယ်။

မင်္ဂလာပွဲကျင်းပမယ့်နေရာကို သေချာရွေးချယ်ပါ

မင်္ဂလာပွဲကျင်းပဖို့ ရွေးချယ်ထားတဲ့နေရာတွေထဲက နေရာတစ်နေရာကို တစ်ခါထက်ပိုပြီး လေ့လာသင့်ပါတယ်။ ဒါမှလည်း ကိုယ့်ဧည့်သည်တွေကို အဆင်ပြေပြေ ဧည့်ခံနိုင်မှာပါ။

မင်္ဂလာပွဲကျင်းပမည့်နေရာကို မိတ်ဆွေတွေနဲ့ ဆွေးနွေးတိုင်ပင်ပါ

မင်္ဂလာကျင်းပဖို့ ရွေးချယ်ထားတဲ့နေရာတွေထဲက လူတိုင်းလာနိုင်မယ့် နေရာကို ရွေးချယ်ပါ။ မင်္ဂလာပွဲ ကျင်းပမယ့်နေရာဟာ ကားမကြပ်ဘဲ သွားလာရေးလွယ်ကူတဲ့နေရာဖြစ်ဖို့လည်း အရေးကြီးပါတယ်။

ဒီနေရာမှာ အရင်က မင်္ဂလာဆောင်ဖူးတဲ့သူများကို စုံစမ်းမေးမြန်းပါ

အစားအသောက်၊ ၀န်ဆောင်မှု၊ နေရာထိုင်ခင်း အခြေအနေဘယ်လိုရှိသလဲ ဆိုတာတွေကို ဒီနေရာမှာ လက်ထပ်ခဲ့ဖူးပြီးသား စုံတွဲတွေကို အသေးစိတ် မေးမြန်းစုံစမ်းထားသင့်ပါတယ်။

Read 2461 times
Rate this item
(0 votes)

Our Verticals