Thursday, 22 September 2016 07:19

မင်္ဂလာဆောင်နေရာရွေးချယ်ဖို့အချက်များ

မင်္ဂလာမောင်နှံတို့ ကနဦးမင်္ဂလာဆောင်မည့်နေရာကို ကြိုတင်၍ ကြည့်ရှု

လေ့လာထားရမှာဖြစ်ပါတယ်။

ဧည့်သည်ရဲ့ ကုန်ကျစရိတ်ကို ခန့်မှန်းတွက်ချက်ထားပါ

အကျဉ်းချုပ်အနေနဲ့ လူဘယ်နှစ်ယောက် ဖိတ်မယ်၊ အဲဒီအတွက် ငွေကြေးဘယ်လောက်သုံးမယ် ဆိုတာကိုတော့ အရင်သိထားဖို့ လိုအပ်ပါတယ်။

ဘယ်လိုပုံစံနဲ့ မင်္ဂလာဆောင်မလဲ ဆုံးဖြတ်ပါ

အနောက်တိုင်းပုံစံလား၊ ဓလေ့ထုံးတမ်းစဉ်လာအတိုင်းလား၊ ရပ်ကွက်ဘုန်းကြီးကျောင်း၊ ဟိုတယ်နဲ့ စားသောက်ဆိုင်တွေမှာ မင်္ဂလာပွဲ ကျင်းပနိုင်ပါတယ်။ အိမ်မှာပဲ ဧည့်ခံပွဲကျင်းပမယ်ဆိုရင်တော့ စားပွဲ၊ ကုလားထိုင်၊ နေရာထိုင်ခင်းတို့ ငှားရမ်းတဲ့နေရာတွေကို ကြိုတင်၍ စုံစမ်းထားသင့်ပါတယ်။

ဧည့်ခံပွဲ ကျင်းပမယ့် နေရာကို သွားရောက်လေ့လာထားပါ

ကိုယ့်စိတ်ကူးရည်ရွယ်ပြီးသား ဧည့်ခံပွဲနေရာကို တစ်ခါလောက်တော့ သွားပြီးလေ့လာသင့်တယ်။ ဒါမှ ဧည့်ခံရမယ့်အနေအထားကို သိရှိမှာဖြစ်ပါတယ်။

အကျယ် မချဲ့ပါနဲ့

ဧည့်သည်များကို ပိုပြီးဖိတ်မိတာတွေ၊ ဖိတ်စာကဒ်ပြားကို တန်ဖိုးကြီးတာတွေနဲ့ မလိုအပ်ဘဲ အကျယ်ချဲ့မိတာကို တတ်နိုင်သမျှ ရှောင်ပါ။

Read 1854 times
Rate this item
(2 votes)

Our Verticals