Wednesday, 28 September 2016 05:00

Aroma Wedding Show - 2017

မင်္ဂလာမောင်နှံများ ၂၀၁၆-၂၀၁၇ မင်္ဂလာရာသီအတွက် Aroma ၏ နောက်ဆုံး

Promotion အစီအစဉ်များစွာရှိပါတယ်။

Aroma ရဲ့ အခမဲ့ မင်္ဂလာဆောင်ခွင့်နှင့် တန်ဖိုးကြီး မင်္ဂလာလက်ဖွဲ့များစွာကို Promotion အချိန်၌ ရနိုင်မည့် မဟာအခွင့်အရေးကြီးဖြစ်ပါတယ်။

Aroma Wedding Show 2017 ပြပွဲကြီးကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့တွင် ကျင်းပမှာဖြစ်ပြီး Promotion အချိန်ကို နေ့လည် (၁၁) နာရီမှ ညနေ (၆) နာရီအထိ၊ Show အချိန်ကို ညနေ (၆) နာရီမှ ည (၉) နာရီအထိ Grandamar Grandballroom တွင် ကျင်းပမှာဖြစ်ကြောင်း သိရပါတယ်။

မင်္ဂလာမောင်နှံများအတွက် service တစ်ခုချင်းစီဆိုလျှင် ၁၅% အထူးလျှော့ပေးထားပြီး Promotion အချိန်အတွင်း service တစ်ခုချင်းစီ အပ်နှံသူများထဲမှ တစ်ဦးကို Show တွင် ကံစမ်းမဲနှိုက်ပြီး ရွေးချယ်ကာ ငွေအာလုံးပြန်အမ်းပေးပြီး အခမဲ့ ၀န်ဆောင်မှုအပြည့်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

မင်္ဂလာမောင်နှံများအတွက် Wedding Packages ဆိုလျှင် ၂၀% အထူးလျှော့ပေးထားပြီး Promotion အချိန်အတွင်း Wedding Packages အပ်နှံသူများထဲမှ တစ်ဦးကို Show တွင် ကံစမ်းမဲနှိုက်ပြီး ရွေးချယ်ကာ ငွေအာလုံးပြန်အမ်းပေးပြီး ၎င်း Package ကို အခမဲ့ ၀န်ဆောင်မှုအပြည့်ပေးသွားမှာဖြစ်ပါတယ်။

၎င်းအပြင် အောက်ပါ တန်ဖိုးကြီး မင်္ဂလာလက်ဖွဲ့များကိုလည်း ထပ်ဆောင်းပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

- Pun Hlaing Siloam တွင် အခမဲ့ သားဦးကလေးမွေးစရိတ်

- ၀ိန့်စိန်ရတနာရွှေဆိုင်၏ လက်ထပ်လက်စွပ် ၁စုံ

- တော်ဝင်ဘရဏီပိုးထည်တိုက်မှ ပိုးစစ်ချိတ် ၁ စုံ

- Sweety Home ၏ နှစ်ယောက်အိပ်မွေ့ရာ ၁ လုံး

- MNZ Company မှ မီးခံသေတ္တာငွေရေစက်

- Gandamar Grand Ballroom တွင် အခမဲ့ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကျင်းပခွင့်တို့ ရရှိမှာဖြစ်ပါတယ်။

မင်္ဂလာမောင်နှံများအတွက် CB Bank နှင့်ချိတ်ဆက်ပေးကာ အရစ်ကျငွေသွင်းစနစ်ဖြင့် မင်္ဂလာဆောင်နိုင်မည့် ဝန်ဆောင်မှုသစ်များလည်း ရှိပါတယ်။

Read 1676 times
Rate this item
(0 votes)

Our Verticals