Friday, 26 August 2016 07:35

မင်္ဂလာအခမ်းအနားဦးဆောင်ပြုလုပ်မည့်သူရွေးချယ်ခြင်း

မင်္ဂလာပွဲမတိုင်ခင် အခမ်းအနားကို အစမှအဆုံးထိ ဦးစီးဦးဆောင်ပြုလုပ်မည့်သူကို အရင်ရွေးချယ်ရပါမယ်။

မင်္ဂလာဆောင်မည့် သတို့သား၊ သတို့သမီးတို့အတွက် ရင်းနှီးကျွမ်းဝင်တဲ့ သူငယ်ချင်း သို့မဟုတ် မိဘဆွေမျိုးရင်းခြာများအထဲမှ စီမံလုပ်ဆောင်နိုင်သူတစ်ဦးကို ရွေးချယ်သင့်ပါတယ်။

သတို့သား၊ သတို့သမီးတို့က ၎င်းတို့၏ သူငယ်ချင်း (သို့) အစ်ကိုတစ်ဦးကို အသေးစိတ် စီမံပေးဖို့ ရွေးချယ်ကြလေ့ရှိပါတယ်။

ဦးဆောင်ပြုလုပ်မည့်သူကို အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဦးရွေးချယ်ထားရင် အဆင်ပြေနိုင်ပါ တယ်။

ဦးဆောင်ပြုလုပ်မည့်သူ တစ်ဦးစီကို ဘယ်သူက ဘာလုပ်ပေးရမယ်ဆိုတာမျိုးကို တာဝန်တိတိကျကျ ရွေးပေးထားရင် ပိုကောင်းပါလိမ့်မယ်။

ဦးဆောင်ပြုလုပ်မည့်သူက မင်္ဂလာအစီအစဉ်တွေအားလုံးကို ကာယကံရှင်တွေရဲ့ကိုယ်စား အသေးစိတ် အချိန်ပေးပြီး လုပ်ပေးနိုင်ဖို့ လိုပါတယ်။

ဦးဆောင်ပြုလုပ်မည့်သူက သတို့သား၊ သတို့သမီးအတွက် မင်္ဂလာအ၀တ်အစား ၀ယ်တာ၊ စမ်းဝတ်ကြည့်တာ၊ ဖိတ်စာ ဖိတ်တာ၊ ညစာစားပွဲလုပ်တာကအစ လိုက်လုပ်ပေးဖို့လိုပါတယ်။

မင်္ဂလာအခမ်းအနားကို စီမံပေးပြီး ပွဲမစခင် မင်္ဂလာလက်စွပ်၊ လက်ကိုင်ဗန်း ကိုင်ပေးတာမျိုး၊ လျှောက်လမ်းတွင် စီတန်းပြီးထွက်ဖို့ အစီအစဉ်တကျ လူတွေကို စီစဉ်ပေးတာမျိုးတို့ လိုအပ်ပါတယ်။

ဦးဆောင်ပြုလုပ်မည့်သူက လက်ထပ်စာချုပ်မှာ အသိသက်သေ လက်မှတ်ထိုးပေးတာမျိုး၊   အခမ်းအနားမှာ ဦးဆောင်ပြီး ဂုဏ်ပြုဆုတောင်းပေးတာမျိုး ဒါမျိုးတွေကို အားလုံးနားလည် စီမံပေးနိုင်တဲ့ လူမျိုးကိုလည်း ရွေးချယ်ရန် လိုအပ်ပါတယ်။

Read 1039 times
Rate this item
(2 votes)

Our Verticals