Thursday, 22 September 2016 09:41

သတို့သမီးများလှပစေရန်အချက်များ

မင်္ဂလာဆောင်တော့မည့် သတို့သမီးများဟာ အသားအရည်ထိန်းသိမ်းနည်းတွေနဲ့ ပြင်ဆင်စရာရှိတာတွေကို

အရင်ဦးဆုံး ပြုလုပ်ထားသင့်ပါတယ်။

ဆံကေသာလှပစေရန်အတွက် ဆံပင်ကို သံလွင်ဆီ၊ အုန်းဆီတို့နဲ့ လိမ်းပေးသင့်ပါတယ်။ မင်္ဂလာပွဲနေ့ မတိုင်ခင်တစ်ရက်အလိုတွင်တော့ ခေါင်းလျှော်တာမျိုးကို မလုပ်မိစေရန် သတိထားသင့်ပါတယ်။

မင်္ဂလာပွဲနေ့မတိုင်ခင်အတွက် ဆံပင်ဒီဇိုင်းကိုကြည့်ပြီးမှ မည်သည့် fancy ပစ္စည်းများနှင့် လိုက်ဖက်သည်ကို သိထားသင့်ပါတယ်။

သတို့သမီးများ လက်ကလေးများလှပစေရန်အတွက် ပွဲမတိုင်ခင်တစ်ရက်တွင် လက်ကိုသန့်စင်ခြင်းနှင့် ၀တ်စုံနှင့်လိုက်ဖက်သည့် လက်သည်းဒီဇိုင်းပုံဖော်ခြင်းတို့ကို ပြုလုပ်ထားသင့်ပါတယ်။

သတို့သမီးများ အသားအရည်လှပစေရန်အတွက် အရေဓာတ်ပါပြီး ဗီတာဗင်စီ ပါဝင်သည့် သစ်သီးတို့ကို စားပေးသင့်ပါတယ်။ အလှပြင်ဆိုင်သို့ တစ်လတစ်ကြိမ် သွားပြီး မျက်နှာကို ပေါင်းတင်သင့်ပါတယ်။

ပွဲမတိုင်ခင် တစ်ပတ်အလိုလောက်ကတည်းကလည်း မျက်နှာကို ပေါင်းတင်ထားရင် ပိုအဆင်ပြေပါလိမ့်မယ်။ ပွဲမတိုင်ခင်တစ်ရက်အလို မနက်နှင့် ညတွင်လည်း အလှအရေလှပစေမည့် ကရင်မ်များ လိမ်းသင့်ပါတယ်။

စတူဒီယိုခန်းအတွင်း ဓာတ်ပုံရိုက်သည့်အခါတွင်လည်း အလင်းကို Romantic ဆန်ဆန်ဖြစ်အောင် ဖန်တီးပေးဖို့ ဓာတ်ပုံဆရာကို ကြိုတင်ပြောထားသင့်ပါတယ်။

အပြင်ဘက်တွင် ရိုက်သည့်အခါတွင်လည်း အလင်းအတွက် နေမ၀င်မီ တစ်နာရီနှင့် နှစ်နာရီအချိန်က အကောင်းဆုံးဖြစ်ပါတယ်။

မင်္ဂလာပွဲနေ့မတိုင်ခင် ဖိနပ်ကို ကြိုတင်အစီးလေ့ကျင့်ထားသင့်ပါတယ်။ ဒေါက်ဖိနပ်က မြင့်နေခြင်း၊ ကျိုးခြင်း၊ ပျက်စီးခြင်း၊ ဖိနပ်ပေါက်ခြင်းတို့ ဖြစ်ပေါ်တတ်သောကြောင့် ဖြစ်ပါတယ်။

Read 1215 times
Rate this item
(2 votes)

Our Verticals