Wednesday, 02 November 2016 07:51

မင်္ဂလာပွဲလာ ရွှေဧည့်သည်များရှောင်ရန် - ၂

မင်္ဂလာပွဲဆိုတာ အပျော်တွေနဲ့ဖန်တီးထားတဲ့ပွဲမျိုးဆိုတာကို သင်သိထားလို့ သင့်လက်ထဲကို မင်္ဂလာဖိတ်စာရောက်လာတဲ့အခါ

ပျော်မိမှာပါ။ မင်္ဂလာပွဲမှာ ခင်းကျင်းဧည့်ခံတဲ့အစားအသောက်ကောင်းတွေ သုံးဆောင်နိုင်မှာဖြစ်သလို၊ မိတ်ဆွေသူငယ်ချင်းဟောင်းတွေနဲ့ တွေ့ဆုံရနိုင်တဲ့ အခွင့်အရေးပါပဲ။

ထို့အပြင် ဒီလိုပွဲမျိုးက သင်သိတဲ့သူနှစ်ဦး နှစ်ကိုယ်တူချစ်ကြင်ကြပြီး ဘဝတစ်သက်တာရွှေလက်တွဲဖို့ ဆုံးဖြတ်ကြတဲ့ လှပတဲ့အခမ်းအနားလည်းဖြစ်ပါတယ်။

မင်္ဂလာပွဲမှာ လွတ်လွတ်လပ်လပ်ပါဝင်ဆင်နွဲလို့လည်းရပါတယ်။ မင်္ဂလာာပွဲမှာ မျက်နှာပျက်စရာတွေမဖြစ်စေဖို့ ဧည့်သည်တွေအနေနဲ့ အောက်ဖော်ပြပါ အမှားများကို ရှောင်ကြဉ်ကြဖို့ လိုအပ်ပါတယ်။

မဖိတ်ထားသည့် ဧည့်သည်အပိုမခေါ်လာပါနဲ့

သင်နှင့်အတူ တစ်စုံတစ်ယောက်ကို အပိုခေါ်လာနိုင်ကြောင်း သင့်ကိုအကြောင်းမကြားထားရင် တစ်ယောက်တည်းသွားပါ။ ဧည့်ပိုခေါ်လာလို့ရမလားလို့  သတို့သားနှင့် သတို့သမီးကို မမေးပါနဲ့။

အဖြူရောင်ဝတ်စုံကို ဝတ်မသွားပါနဲ့

အဖြူရောင်ကို သတို့သမီးဝတ်ဖို့ သီးသန့်ချန်ထားပါ။ အဖြူရောင်အကျဝတ်ဖို့အဆင်ပြေပါတယ်လို့ ထင်နေရင်တောင် အခြားအကျပဲဝတ်ပါ။ အဖြူရောင်ဝတ်ရုံလေးနဲ့ သတို့သမီးပဲ ထူးခြားလှပနေပါစေ။

လက်ဆောင်ယူလာဖို့ မမေ့ပါနဲ့

အိမ်ကနေ လက်ဆောင်စာအိတ်၊ မင်္ဂလာလက်ဖွဲ့ မေ့မထားခဲ့ပါနဲ့။ တကယ်လို့ မေ့တတ်မယ်လို့ထင်ရင် မင်္ဂလာပွဲမတိုင်ခင်ကတည်းက သတိရတုန်း လက်ဆောင်ပေးထားရင်လည်း အဆင်ပြေပါတယ်။

မင်္ဂလာလက်ဖွဲ့မပေးခြင်း

လက်ဖွဲ့မပေးဘူးလို့ ဆုံးဖြတ်ထားရင် ဒါကတော့ သင့်ရဲ့စိတ်သဘောအတိုင်းပါပဲ။ ဒါပေမယ့် လက်ဆောင်မပါရင်တောင် မင်္ဂလာ ဂုဏ်ပြုကတ်လေးတော့ ယူသွားပါ။ ဒီလိုကတ်လေးက မင်္ဂလာနေ့မြတ်မှာ သူတို့အတွက် အဓိပ္ပါယ်ရှိနေမှာဖြစ်ပါတယ်။

မင်္ဂလာအခမ်းအနားအတွင်း အခြားသူများနဲ့ မဝေဖန်ပါနဲ့

မင်္ဂလာပွဲတက်ရောက်ဖို့ သင်စိတ်လှုပ်ရှားကောင်း လှုပ်ရှားနေနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ သင့်အနီးအနားက လူတွေနဲ့ မင်္ဂလာပွဲအကြောင်းကို အားကစားဝေဖန်ရေးလုပ်သလို ပြောဆိုဆွေးနွေးဝေဖန်နေမိတတ်မှာပါ။ ဒါပေမယ့် ဒီလိုဆွေးနွေးဝေဖန်တာတွေကို မင်္ဂလာအခမ်းအနားအချိန်အတွင်း မလုပ်သင့်ပါဘူး။

Read 511 times
Rate this item
(0 votes)

Our Verticals