Thursday, 11 August 2016 04:11

Nyi Nyar Aung - MC

ယနေ့တင်ပြမည့် wedding guide တွင် မြန်မာအခမ်းအနားမှူး ပြိုင်ပွဲ၌ ဆုရရှိခဲ့သော မောင်ညီညာအောင် - MC နှင့် အင်တာဗျူး ဖြစ်ပါတယ်။

 မင်္ဂလာဆောင် အခမ်းအနားမှူးအဖြစ် ဘယ်အချိန်ကစပြီး လုပ်ဆောင်ခဲ့ပါသလဲ။

၂၀၀၅ ခုနှစ် “မြန်မာအခမ်းအနားမှူးပြိုင်ပွဲ” မှာ 1st Winner အဖြစ် ဆုရရှိခဲ့ပြီးတဲ့ အချိန်ကစပြီး မင်္ဂလာအခမ်းအနားမှူးဘက်ကို စိတ်အားထက်သန်ခဲ့ပါတယ်။ အဲဒီမတိုင်ခင် အရင်က မင်္ဂလာဆောင်များမှာလည်း အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့ဖူးတာမို့ အတွေ့အကြုံကတော့ ဆယ်နှစ်ကျော်ရှိပြီလို့ ဆိုရပါမယ်။ ဒါပေမယ့် ဒီကြားထဲ ပြည်ပကို နှစ်အတော်ကြာရောက်နေခဲ့တာမို့ အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် မြန်မာပြည်ကို ပြန်ရောက်ချိန်မှစ၍ မင်္ဂလာဆောင် အပါအ၀င် အခမ်းအနားမျိုးစုံမှာ MC တစ်ဦးအဖြစ် ပြန်လည်ဇောက်ချလုပ်ကိုင်နေပါတယ်။

မင်္ဂလာဆောင် အခမ်းအနားမှူးလုပ်ရတဲ့ ရည်ရွယ်ချက်လေး သိချင်ပါတယ်။

ကျွန်တော်တို့ MC တွေအတွက် မင်္ဂလာဆောင်မှာ တခြား Business ပွဲတွေလို ၀န်ဆောင်ခယူလို့ မရပါဘူး။ မင်္ဂလာဆောင် နှုန်းထားပဲယူလို့ရပါတယ်။ ဒါပေမယ့် မင်္ဂလာပွဲတွေမှာ အခမ်းအနားပြုလုပ်တဲ့အခါ တွေ့ရတဲ့ မင်္ဂလာမောင်နှံရဲ့ ပျော်ရွှင်မှုနဲ့ ပီတိကတော့ ဘာနဲ့မှ တန်ဖိုးမဖြတ်နိုင်ဘူး။ ပြီးတော့လည်း မင်္ဂလာပွဲဖြစ်တဲ့အတွက် မိမိအပေါ်ကိုလည်း မင်္ဂလာခညောင်းပါတယ်။ အဲဒီ စိတ်နဲ့ပဲ မင်္ဂလာပွဲတွေမှာ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ဖြစ်ပါတယ်။

မင်္ဂလာဆောင် အခမ်းအနားမှူးလုပ်တဲ့ အတွေ့အကြုံလေးသိချင်ပါတယ်။

ကျွန်တော်က ပွဲမထွက်ခင် သတို့သား/သတို့သမီးနဲ့ ပွဲထွက်မည့်သူများအားလုံးကို စေတနာပါပါနဲ့ အစမ်းလေ့ကျင့်မှု ပြုလုပ်ပေးပြီး တည်တည်ငြိမ်ငြိမ်နဲ့ ပွဲထွက်နိုင်အောင် အကြံပေးစကားများ ပြောဆိုပေးလေ့ရှိပါတယ်။

မင်္ဂလာဧည့်ခံပွဲနဲ့ စုလျားရစ်ပတ် မင်္ဂလာပွဲအတွက် ဘယ်လိုမျိုးတွေ ကွာခြားချက်ရှိပါသလဲ။

မင်္ဂလာမောင်နှံနှင့် နှစ်ဖက်မိဘတို့ရဲ့ ရွေးချယ်မှုအပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်တော်ကတော့ နှစ်မျိုးစလုံးကို သဘောကျပါတယ်။

မင်္ဂလာပွဲဧည့်ခံပွဲ ဖိတ်ရင် လူရွေးပြီးသွားလား။

အဲဒီလိုမျိုး လူရွေးပြီးသွားတာတော့ မရှိပါဘူး။

မင်္ဂလာဆောင်အချိန်ကာလမှာ အလုပ်များတဲ့ကြားက မင်္ဂလာပွဲရှိရင်ကော လိုက်ဖြစ်လား။

Booking ကတော့ ၆လ၊ ၃ လ စသဖြင့် ကြိုပြီး လက်ခံပေးပါတယ်။ Confirmation ကိုတော့ မင်္ဂလာပွဲမတိုင်မီ ၂ လ မှ စပေးပါတယ်။ ၂ လအကြိုမှာ ကျွန်တော် Confirm လုပ်ပြီးရင်တော့ ကျွန်တော်ရဲ့ပွဲ လက်ခံမှု သေချာသွားပါပြီ။

နေရာပေါ်မူတည်ပြီးတော့ မင်္ဂလာဧည့်ခံပွဲကို သွားသလား။

ပုံမှန်အားဖြင့်တော့ မရှိပါဘူးခင်ဗျ။ ဘယ်နေရာမဆို ကျွန်တော့်ကိုဖိတ်ရင် သွားဖြစ်ပါတယ်။

မင်္ဂလာဆောင် အခမ်းအနားမှူးလုပ်တဲ့အခါ ဘယ်လိုအခက်အခဲမျိုးတွေ ရှိခဲ့ပါသလဲ။

ဘယ်နေရာမဆို အစပိုင်းတွင် အခက်အခဲရှိပါတယ်။ အလေ့အကျင့်ရသွားတဲ့အခါဆိုရင်တော့ အဆင်ပြေသွားတာပါပဲ။

အနာဂတ် အလားအလာကောင်းများသိချင်ပါတယ်။

အဆင်ပြေချောမွေ့သော မင်္ဂလာဧည့်ခံပွဲတစ်ခုဖြစ်ဖို့အတွက် မင်္ဂလာအခမ်းအနားမှူးဟာ အင်မတန်မှ အရေးကြီးပါတယ်။ အဓိက ဦးတည်ချက်က မင်္ဂလာမောင်နှံနှင့် နှစ်ဘက်မိဘတို့ ကျေနပ်ပျော်ရွှင်စေဖို့အတွက် ဖြစ်ပါတယ်။ ကျွန်တော်လည်း ၂၀၁၆-၁၇ မင်္ဂလာဆောင်ရာသီအတွက် Booking များကို စတင်လက်ခံနေပါပြီ။

Read 1329 times
Rate this item
(5 votes)

Our Verticals