Thursday, 20 October 2016 08:07

OLEANDER Events & Floral

Oleander Events & Floral ကို ဘယ်အချိန်က စတင်ပြီး ဆောင်ရွက်ခဲ့ပါသလဲ။

Oleander Events & Floral ကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ်မှာ စတင်ပြီး အကောင်အထည်ဖော်ခဲ့ပါတယ်။ ဆိုင်ခန်းအနေနဲ့ မဖွင့်ထားဘဲ အွန်လိုင်းကနေပဲ ကြေညာခဲ့ပါတယ်။

ပွဲပေါင်း ဘယ်နှစ်ပွဲ ပြုလုပ်ပေးခဲ့ရပါသလဲ။

ပထမဆုံး စတင်လက်ခံခဲ့တာက ပန်းစည်း၊ ပန်းခြင်းပဲ စတင်လက်ခံခဲ့ပါတယ်။ အိပ်မက်ဆုံရာ ဖိုင်နယ်ပွဲမှာ လက်ဆောင်ပေးခဲ့တဲ့ ပန်းစည်းတွေကိုလည်း Oleander ကပဲ အော်ဒါမှာခဲ့ပါတယ်။ မင်္ဂလာပွဲတစ်ပွဲလုံး လက်ခံဆောင်ရွက်ပေးတာကတော့ ၃ ပွဲပဲရှိပါသေးတယ်။ ဒီလနဲ့ နောက်လမှာလည်း မင်္ဂလာပွဲတစ်ပွဲလုံးစာ ပန်းအပြင်အဆင် ပြင်ဖို့ရှိပါတယ်။ ညီမတို့ဆီက မင်္ဂလာပွဲတစ်ပွဲလုံးထက် ပန်းတိုင်သီးသန့်မှာတာ၊ လက်ကိုင်ပန်း၊ ရင်ကပ်ပန်းမှာတာက ပိုများပါတယ်။ Events တွေလဲ ပြင်ရတာရှိပါတယ်။

အဲဒီမှာ ညီမနဲ့အတူတူ ဘယ်နှစ်ယောက် လုပ်ပါသလဲ။

ညီမနဲ့အတူတူ အားလုံး ၆ ယောက်ရှိပါတယ်။

ပန်းတွေကိုကော ဘာပန်းတွေသုံးပေးသလဲ။ ပန်းကို ပွဲမထပ်အောင်ပြုလုပ်ပေးလား။ အဓိက ဘာပန်းတွေကို အသုံးများသလဲ။

ပန်းတွေက လီလီကာနေးရှင်း၊ သစ်ခွအစုံ၊ ဒေစီပန်းရောင်စုံ၊ အစိမ်းရောင်အရွက်အစုံနဲ့ ကြားခံထိုးတဲ့ ပန်းတွေကတော့ ဒီကပဲမှာပါတယ်။ ပွဲအတွက် ကျန်တဲ့ပန်းအားလုံး တရုတ်ပြည်က မှာပါတယ်။ Tulip အပြင် အခြား နိုင်ငံခြားမှ ပန်းမျိုးစုံကို မှာယူထိုးပေးပါတယ်။ ပုံလေးတွေပို့ပေးလို့လဲ ရပါတယ်။ ပန်းကို ပွဲမထပ်သုံးတာမျိုးထက် ဒီဇိုင်းမထပ်အောင်ပဲ ပြင်ပါတယ်။ အဓိက အရောင်အပေါ်မူတည်ပြီး ထိုးရတဲ့အတွက် ပန်းတော့ တူပါတယ်။ ဂနမာပန်းတော့ လုံးဝမသုံးဘဲ ထိုးပါတယ်။

ပန်းတွေကို မနွမ်းအောင် ဘယ်လို ထားရပါသလဲ။

ပန်းလေးတွေ မနွမ်းအောင် လေလုံတဲ့အခန်းမှာထားပေးပြီး အကြာကြီးခံအောင် ဘားပလပ်အမှုန့်ထည့်ပါတယ်။ ပန်းပွင့်များချင်ရင် သကြားသုံးပါတယ်။ ပန်းလေးတွေ ပုံးလေးတွေထဲမှာ ရေစိမ်ထားပြီး အပွင့်တွေကို ရေမစိုတစို ဖြန်းပေးပါတယ်။

ညီမတို့ဆီမှာ ပန်းခြံ စိုက်ခင်းရှိပါသလား။ ဘယ်နေရာမှာလဲ။

ကိုယ်ပိုင်စိုက်ခင်းမရှိပါ။ နှင်းဆီပန်းကို အလတ်ဆတ်ဆုံးပေးတဲ့ ထောက်ကြံ့က ကိုရဲ နှင်းဆီခြံမှ ပွဲအတွက် သီးသန့်မှာယူရပါတယ်။ အရေးကြီးတဲ့နေရာမှာ သုံးမယ့် နှင်းဆီကိုတော့ တရုတ်ကလာတဲ့ နှင်းဆီကိုပဲသုံးပါတယ်။

မင်္ဂလာပွဲတစ်ပွဲကို ပန်းအလှပြင်ဈေးနှုန်းဘယ်လောက်ယူသလဲ။ အနည်းဆုံးဈေးနှုန်း နဲ့ အများဆုံးဈေးနှုန်း။

မင်္ဂလာပွဲတစ်ပွဲကို ၃ သိန်းခွဲမှ ၅ သိန်းမှစပြီး လောလောဆယ်တော့ အများဆုံး ၁၅ သိန်းအထိ သတ်မှတ် ထားပါတယ်။ အပ်မဲ့ဒီဇိုင်းပေါ်မူတည်ပြီး ဈေးနှုန်းကွာပါတယ်။

နောက်ပြီး ပန်းအတုနဲ့လုပ်ပေးတာလား ပန်းအစစ်ကိုပဲ သုံးတာလားသိချင်ပါတယ်။

ပန်းအတုကိုတော့ အနည်းငယ်သုံးပါတယ်။ Photo Booth တွေကိုတော့ ပန်းအတုနှင့် အစစ် နှစ်မျိုးလုံး သုံးပေး ထားပါတယ်။ ပန်းအတုအပွင့်အကြီးတွေနဲ့ အလှဆင်ခြင်းလည်းရပါတယ်။ ပန်းအစစ်ကိုတော့ အများဆုံး သုံးပေးထားပါတယ်။

ပန်းနဲ့ပတ်သက်ပြီး ဘယ်လိုပုံစံမျိုးတွေလုပ်ပေးလဲ။

ပန်းစည်း၊ ပန်းခြင်း၊ ပန်းတိုင်၊ လက်ကိုင်ပန်းနှင့် ရင်ကပ်ပန်း အစရှိတဲ့ ပုံစံအမျိုးမျိုးကို ပြုလုပ်ပေးပါတယ်။

နောက်လုပ်ငန်းကို ဘယ်လိုတိုးချဲ့ဖို့စိတ်ကူးထားသလဲ။

လောလောဆယ်မှာ ဆိုင်မဖွင့်သေးပေမယ့် ဆိုင်ဖွင့်တဲ့အခါ မင်္ဂလာဝတ်စုံ အနောက်တိုင်း၊ မြန်မာဝတ်စုံ ငှားပေးခြင်းနှင့် ပန်းအပြင်အဆင်တို့ကိုပါ တွဲလက်ခံဖို့ အစီအစဉ်ရှိပါတယ်။

ခင်ခင်သစ္စာ

Owner

အမှတ် ၃၃၊ နံ့သာကုန်းလမ်း၊ အင်းစိန်၊ ရန်ကုန်မြို့။

၀၉-၄၅၁၁၂၃၈၅၉၊ ၀၉-၄၅၁၁၂၃၈၆၉

Read 1068 times
Rate this item
(0 votes)

Our Verticals