Wednesday, 11 January 2017 03:48

Lei Yee Maung - MC (Interview)

MC ကို ဘယ်အချိန်ကစပြီး လုပ်ဆောင်ခဲ့ပါသလဲ။ ဘယ်ကနေ

သင်တန်းဆင်းခဲ့တာလဲ။

ညီမ 2012 ခုနစ်မှာ Presenter အဖြစ် Sky Net မှာ စတင် လုပ်ဆောင်ခဲ့ပါတယ်။ ညီမရဲ့လက်ဦးဆရာကတော့ ဆရာ ဦးလှဝင်းပါရှင့်။

MC လုပ်ရတဲ့ ရည်ရွယ်ချက်လေး သိချင်ပါတယ်။

ညီမ ဒီအလုပ်ကို အရမ်းဝါသနာပါပါတယ်။ ကျောင်းပြီးထဲကအရမ်း ဝါသနာပါလို့ လုပ်ခဲ့တာပါ။ အခက်အခဲတွေ ကြားထဲကခုချိန်ထိ ဒီလောကထဲမှာ ရပ်တည်ခဲ့တာပါ။ ညီမက ပရိသတ်အတွက် အစီအစဉ်တွေ တင်ဆက် ပေးနေရရင် ပျော်နေတဲ့သူပါ။

MC အနေနဲ့ ဘယ်နှစ်ပွဲလောက် လုပ်ဖြစ်ခဲ့ပြီးပြီလဲ။

ဟုတ်ကဲ့ 2012 ခုနှစ် ကနေ ခုချိန်ထိဆိုတော့ နည်းနည်းတော့ များနေပါပြီရှင့်။

lym

MC လုပ်တဲ့ အတွေ့အကြုံလေး သိချင်ပါတယ်။

အတွေ့အကြုံတွေကတော့ ပြောလို့မကုန်ပါဘူး။ အမှတ်တရတွေလည်း အများကြီးရှိခဲ့ပါတယ်။ ပထမဆုံး MCလုပ်ခဲ့တဲ့ပွဲဆို အခုချိန်ပြန်တွေးရင် တော်တော်ရယ်ရခဲ့ပါတယ်။

အခမ်းအနားပွဲတွေက တစ်ပွဲနှင့်တစ်ပွဲ ဘယ်လိုမျိုး ကွာခြားချက်တွေရှိပါသလဲ။

ပွဲတွေကတော့ တစ်ပွဲနဲ့တစ်ပွဲ ကွာခြားပါတယ်။ ပွဲချင်းတူရင်တောင် တစ်ယောက်နဲ့တစ်ယောက် အယူအဆ မတူကြတော့အနည်းငယ် ကွာခြားမူတွေရှိပါတယ်။ 

အခမ်းအနားပွဲ ဖိတ်ရင် လူရွေးပြီးသွားသလား။ နေရာအနီးအဝေးအပေါ်မူတည်ပြီးတော့ ပွဲကို သွားသလား။

လူမရွေးပါဘူးရှင့်။ ကိုယ်ကိုဖိတ်တဲ့ပွဲ ဘယ်ပွဲမဆိုသွားပါတယ်။ မအားတဲ့အချိန်တွေနဲ့ တိုက်နေရင်တော့ ပြန်တောင်းပန်ရတဲ့အခါတွေလည်း ရှိပါတယ်။

အခမ်းအနားလုပ်ဖို့ အချိန်ဘယ်လောက်ကြာကြာမှာ ကြိုတင်ပြောထားရပါသလဲ။

ဟုတ်ကဲ့ တစ်လလောက် ကြိုပြောပေးရင် ရပါတယ်။ အနီးကပ်မှပြောလည်း ပွဲရက်မတိုက်ရင် ကူညီပေး ပါတယ်ရှင့်။

အခမ်းအနားမှူးအဖြစ် ပွဲတစ်ပွဲငှားရမ်းခ ဘယ်လောက်လဲသိပါရစေ။

ဟုတ်ကဲ့ Wedding Ceremony, Event, Conference ပွဲတွေဆို ၂သိန်းကျပ်၊ Dinner ဆို ၂သိန်းခွဲကျပ်၊ နယ်ပွဲဆို ၃သိန်းခွဲကျပ် ယူပါတယ်ရှင့်။

အနာဂတ် အလားအလာကောင်းများသိချင်ပါတယ်။

အနာဂတ်ကတော့ ဒီထက်ပိုပြီး ကြိုးစားသွားမှာပါရှင့်။ ကိုယ်ဝါသနာပါတဲ့ အလုပ်အတွက် ဆက်လက် ကြိုးစားသွားမှာပါ။ စေတနာ၊ မေတ္တာ အပြည့်နဲ့ ပရိသတ်အတွက် တင်ဆက်ပေးသွားမှာပါ။ အခု အင်တာဗျူး

လေးကို ဖတ်နေတဲ့ စာဖတ်ပရိသတ်များအားလုံးလည်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ ရှိကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

MC - လဲ့ရည်မောင်

၀၉-၄၂၅၂၇၇၂၂၂

Read 662 times
Rate this item
(1 Vote)
More in this category: « Wai Wai Yu @ Orchid - MC

Our Verticals