Tuesday, 27 December 2016 09:32

မင်္ဂလာခန်းမအပြင်အဆင်ဈေးနှုန်း

မင်္ဂလာပွဲလုပ်ဖို့အတွက်ဆိုရင် တတ်နိုင်သော ငွေကြေးအပေါ်တွင် မူတည်ပြီး မင်္ဂလာ

အခမ်းအနား အပြင်အဆင် ကွာခြားကြပါတယ်။

အခမ်းအနားပြုလုပ်ရာတွင်လည်း တစ်ဦးနှင့်တစ်ဦး အကြိုက်ချင်း မတူညီကြပေ။ တချို့ကမူ တကယ့်ပန်း အစစ်ဖြင့် ပြုလုပ်ထားသော ပန်းအချပ်၊ ပန်းတိုင်၊ ပန်းခြင်း၊ ပန်းအလှခိုင်များ ပြုလုပ်ကြပြီး တချို့ကတော့ ပန်းအစား ပလတ်စတစ်ပန်း၊ စက္ကူပန်း၊ ဘောလုံးများဖြင့် မင်္ဂလာခန်းမကို အလှဆင်ကြပါတယ်။

မင်္ဂလာဧည့်ခံပွဲဆင်ယင်ကျင်းပရာတွင် ခန်းမအ၀င်ဝတွင် လှပအောင် ပန်းအစစ်ဖြင့်ပြုလုပ်ကြပြီး အတွင်းပိုင်းတွင် ဘောလုံးများနှင့် ဒီဇိုင်းပုံစံဖော်ကာ မင်္ဂလာခန်းမကို ပြင်ဆင်ကြပါတယ်။

တချို့မင်္ဂလာခန်းမ ဒီဇိုင်းပြင်ဆင်သူများက စက္ကူပန်းကို ဒီဇိုင်းလုပ်ပြီး ပုံဖော်ပေးလေ့ရှိပါတယ်။ ဈေးနှုန်းကတော့ ပန်းအပွင့် အနည်းအများ ပေါ်တွင် မူတည်ပါတယ်။

ပန်းဖြင့် မင်္ဂလာခန်းမကို အလှဆင်ရာတွင် အနည်းဆုံး ကျပ် ၂ သိန်းမှ ကျပ် ၅ သိန်းခန့် ကုန်ကျပါတယ်။ ဘောလုံးကလေးများဖြင့် မင်္ဂလာခန်းမကို အလှဆင်ရာတွင် ကျပ် ၆ သောင်းကျော်မှ ကျပ် ၁ သိန်းကျော်အထိ ရှိပါတယ်။

ပြီးပြည့်စုံသော မင်္ဂလာခန်းမများ၌ ပန်းအစစ်နဲ့ မင်္ဂလာခန်းမကို ပုံစံဖော်ရာတွင် ကျသင့်သော ဈေးနှုန်းများမှာ Backdrop pillar ၄ တိုင်ကို ကျပ် ၄ သိန်းကျပ်၊ Middle အချပ်ကို ကျပ် ၈သိန်း၊ ပန်းတန်းအရှည် ပေ ၂၀ကို ကျပ် ၆ သိန်း၊ အ၀င်ဝ ပန်းအမိုးကို ကျပ် ၅ သိန်းနှင့် လျှောက်လမ်းပန်း ၁ တိုင်ကို ကျပ် ၆ သောင်း ခန့်ကုန်ကျမည်ဖြစ်ကြောင်း သိရပါတယ်။

Read 3966 times
Rate this item
(2 votes)

Our Verticals