Thursday, 04 August 2016 09:22

Mg Htet Thu Aung & Ma Aye Aye Mon

အခုတင်ပြမယ့် မင်္ဂလာဆောင်အကြောင်းကတော့ Royal Garden Restaurant တွင် အနောက်တိုင်းစတိုင်ဖြင့် မင်္ဂလာဆောင်ခဲ့တဲ့ သတို့သားမောင်ထက်သူအောင်နှင့် သတို့သမီး မအေးအေးမွန် တို့ အကြောင်းပဲ ဖြစ်ပါတယ်။

သတို့သားနှင့် သတို့သမီးအကြောင်း

မောင်ထက်သူအောင်နှင့် မအေးအေးမွန်တို့ဟာ အလုပ်သွားရင်းနဲ့ အပြင်တွင် တွေ့ခဲ့ကြတဲ့ စုံတွဲဖြစ် ပါတယ်။ ချစ်သူသက်တမ်း ၅ နှစ်အကြာတွင် လက်ထပ်ခွင့် ကို တောင်းခဲ့ကြ တဲ့သူနှစ်ဦးပါ။

နှစ်ဦးနှစ်ဘက်မိဘများအားချစ်သူနှစ်ဦးကအသိပေး၍ ဒီနှစ်အတွင်းမင်္ဂလာဆောင်ရန် စတင်စီစဉ် ခဲ့ပါတယ်။ မင်္ဂလာဆောင်ရန် စတင်စီစဉ်ခဲ့ရာတွင် အနောက်တိုင်းပုံစံဖြင့် မင်္ဂလာဆောင် ရန် နှစ်ဦးသဘောတူ ဆုံးဖြတ်ခဲ့ပါတယ်။ နှစ်ဦးသဘောတူခဲ့ပြီးရင်းနှီးသော မိတ်ဆွေသူငယ်ချင်းများနှင့် တိုင်ပင်ပြီး ၂၀၁၆ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့တွင် မင်္ဂလာဧည့်ခံပွဲလုပ်ရန်အတွက် Royal Garden Restaurant တွင် မင်္ဂလာ ဧည့်ခံပွဲပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြပါတယ်။

13681831 1572084959759437 35053048 o

မင်္ဂလာဝတ်စုံနှင့် ဒီဇိုင်း

မင်္ဂလာဆောင်ရန်အတွက် ငယ်သူငယ်ချင်းများ၊ နှစ်ဘက်မိဘဆွေမျိုးများ အယောက် ၅၀၀ ဖိတ်ရန် ဆုံးဖြတ်ခဲ့ပြီးဖိတ်စာကို ၅၀၀ ပြုလုပ်ခဲ့ပါတယ်။ ရန်ကုန်မြို့ ၃၁ လမ်းရှိ မင်္ဂလာဖိတ်စာအမျိုးမျိုး၊ ယပ်တောင်နှင့် စာအိတ်ဖြန့်ချိရေး အော့ဖ်ဆက်တွင် ဖိတ်စာကို ရိုက်နှိပ်ခဲ့ပါတယ်။ ဒီဇိုင်းနှင့်ဈေးနှုန်းကို ချိန်ပြီးအပ်ခဲ့ပါတယ်။

မင်္ဂလာဝတ်စုံကို သတို့သားမှ ခဲရောင်ကုတ်အကျ၊ ဘောင်းဘီ ၀တ်ဆင်၍ သတို့သမီးမှ ပန်းနုရောင်အဖျော့ဂါဝန်ကို ၀တ်ဆင်ပြီး ခေါင်းတွင် ပုဝါချထားကာ အနောက်တိုင်းပုံစံကို ၀တ်ဆင်ခဲ့ပါတယ်။ မင်္ဂလာဝတ်စုံကို Forever မှာပဲ package ဖြင့် သတို့သား၊ သတို့သမီး၊ ပန်းကြဲနှင့် ဗန်းကိုင်တို့ အတွက်ကိုလည်း သူ့ဆီမှာပဲ ငှားရမ်းဝတ်ဆင် ခဲ့ပါတယ်။ နှစ်ဘက်မိဘများကိုတော့ ဗိုလ်ချုပ် market ရှိ အကျချုပ်ဆိုင်တွင် ချုပ်ပေးခဲ့ပါတယ်။

သတို့သမီး မိတ်ကပ်အလှပြင်ဆင်သူကတော့ စိမ့်စိမ့်နှင့်ပြင်ပြီး ပန်းကြဲနှင့် ဗန်းကိုင်တဲ့သူတွေကို လည်း သူနဲ့ပဲပြင်ခဲ့ပါတယ်။ သတို့သမီးမိတ်ကပ်အလှပြင်ခက ကျပ် ၂ သိန်းဖြစ်ပြီး အရံတွေအတွက် ကတော့ ၅ သောင်း ကုန်ကျခဲ့ပါတယ်။

13838118 1572085296426070 2048142918 o

မင်္ဂလာပွဲ

မင်္ဂလာအခမ်းအနားအပြင်ဆင်ကိုတော့ Royal Garden Restaurant မှ တာဝန်ယူ၍ နောက်ခံ စာတန်းရေးထိုးခြင်း၊ ပန်းအိုး၊ လျှောက်လမ်းကော်ဇောနှင့် အထူးဧည့်သည်ဝိုင်းအတွက် ပန်းအိုး စတာတွေကို ဟိုတယ်မှ ပြုလုပ်ပေးပါတယ်။ ဓာတ်ပုံနှင့် ဗွီဒီယိုရိုက်ကူးရေးကိုတော့ AKAI မှ တာဝန်ယူ၍ ရိုက်ကူးပေးခဲ့ပါတယ်။

မင်္ဂလာအချိန်ကတော့ နံနက် ၉း၀၀ နာရီ မှ ၁၁း၀၀ နာရီအထိ ၂နာရီကြာ ကျင်းပခဲ့ပါတယ်။ မင်္ဂလာသီချင်းကို Royal Garden မှ ဖွင့်လှစ်ပေးထားပြီး ပွဲထွက်ချိန်ကတော့ နံနက် ၉း၄၅ တွင် ပွဲထွက်ပါတယ်။ မင်္ဂလာသြဘာ ပြောကြားပေးသူကတော့ ခိုင်မြဲသာမှ ဖတ်ကြားပေးပြီး မင်္ဂလာပန်းကုံးနှင့် မင်္ဂလာလက်စွပ်ကို ဂုဏ်သရေရှိလူကြီးစုံတွဲမှ ဆင်မြန်းပေးကာမင်္ဂလာ အထမြောက်သွားကြောင်း ကြေညာခဲ့ပါတယ်။

မင်္ဂလာအကျွေးအမွေးကိုတော့ Dimsum နှင့် ရေခဲမုန့် တို့ဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ပါတယ်။ မင်္ဂလာမောင်နှံမှ ဧည့်သည်တော်ဝိုင်း တစ်ဝိုင်းချင်းစီကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ခြင်း၊ နှုတ်ဆက်ခြင်းများ ပြုလုပ်ခဲ့ပါတယ်။

သုံးဆောင်ပြီးသော ဧည့်သည်တော်များမှ မင်္ဂလာမောင်နှံအား နှုတ်ဆက်ကာအခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။ မင်္ဂလာပွဲ အစမှအဆုံးထိ စုစုပေါင်း သိန်း ၈၀ နီးပါး ကုန်ကျခဲ့ပါတယ်။

Read 1775 times
Rate this item
(1 Vote)
More in this category: Mg Ya Wai and Ma Cho Mar Than »

Our Verticals