ကျွန်တော်တို့၏ နဂါးကိုးကောင် စိန်ရွှေရတနာဆိုင်ကို (၁၉၉၇) ခုနှစ် မှစတင်ဖွင့်လှစ်ခဲ့ပြီး အမြို့မြို့အနယ်နယ်မှ မိဘပြည်သူများ၏ ယုံကြည်စိတ်ချဝယ်ယူ အားပေးခဲ့မှုများကြောင့် ယခုဆိုလျှင် (၁၆) နှစ် တိုင်တိုင် အမှတ် (၅၀၅) ၊ရွှေဘုံသာ လမ်းနှင့် မဟာဗန္ဓုလလမ်း ထောင့်၊ပန်းဘဲတန်းမြို့နယ် ရန်ကုန်မြို့၌ ရပ်တည်နိုင်ခဲ့ပါသည်။
ယခုအချိန်တွင် ယုံကြည်စိတ်ချကာဝယ်ယူအားပေးခဲ့ကြသော မိဘပြည်သူမိတ်ဟောင်း၊မိတ်သစ် များအားလုံး၏ ကျေးဇူးကြောင့် ရန်ကုန်မြို့ Junction Square တွင်ထပ်မံ၍ ဆိုင်ခွဲသစ်တစ်ခုအား တိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့ပါပြီ။ဝယ်ယူအားပေးခဲ့ကြသော မိဘပြည်သူ မိတ်ဟောင်းမိတ်သစ်များအားလုံးကို ကျွန်တော်များဆိုင်မှ အထူးပင်ကျေးဇူးတင်ရှိပါကြောင်း နှင့်မိဘပြည်သူများမိတ်ဟောင်းမိတ်သစ်များအားလုံးစီးပွားဥစ္စာတိုးပွား၍ ကိုယ်စိတ်နှလုံးချမ်းမြေ့ ကာ ကျန်းမာချမ်းသာပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
၁၅ပဲရည်ပြည့် ၊ ၁၆ ပဲရည်ပြည့်လက်ဝတ်ရတနာမျိုးစုံကို
-မှန်ကန်တဲ့ ရွှေဈေးနှုန်း
-အထူးချိုသာတဲ့ အလျော့တွက်
-တိကျတဲ့ အလေးချိန်
-ဆန်းသစ်လှပတဲ့ လက်ရာဒီဇိုင်းတို့ဖြင့် လက်လီ၊လက်ကားရောင်းချပေးလျှက်ရှိပါသည်။
စိန်ချစ်သူများအတွက် စိန်အရည်အသွေးတွင်အဓိကအကျသော4Cs(Colour,Cutting ,Clarity ,Carat) တိကျမှန်ကန်စေရန်ဈေးနှုန်းသင့်တင့်ချိုသာ စေရန် နဂါးကိုးကောင် စိန်ရွှေရတနာဆိုင်မှ အပြည့်ဝ အာမခံပါသည်။
စိန်ထည်များကို လဲလှယ်၊ရောင်းချလိုပါက ၅% နှင့် ၁၀% လျော့၍ တိကျမှန်ကန်စွာ လဲလှယ်ရောင်းဝယ်ပေးနေပါသည်။